မော်လမြိုင််မြို့နယ်၊သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၂၆.၆.၂၀၂၆)ရက်နေ့၊(၁၀:၀၀)နာရီအချိန်၊‌ မော်လမြိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အလက(၃)၊ ရွှေမြိုင်သီရိရပ်ကွက်၊ ကျောင်းခန်းမ၌"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းဟောပြောပွဲကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ(၅)ဦး၊ကျောင်းသား/သူ/များ၊ ကျား (၁၁၅)ဦး မ(၁၁၀) ဦးနှင့် မော်လမြိုင်မြို့နယ်မှသစ်တောဝန်ထမ်း(၆)ဦး၊စုစုပေါင်း ကျား(၁၂၁)ဦး၊မ(၁၁၆)ဦး၊(၂၃၇)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် မော်လမြိုင်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးသက်နိုင်(၂) ကသစ်ပင်စိုက်ပျိုးခြင်း၏ အကျိုး‌ ကျေးဇူးများအားလည်းကောင်း၊ တောအုပ်ကြီး ဦးဝင်းလှိုင်က သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာခေါင်းစဥ်ဖြင့်လည်း‌ကောင်း ဆွေးနွေးဟောပြောခြင်း၊ ဗီဒီယို clip ပြသခြင်းများဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ကျောင်းသား/သူများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Monday, June 29, 2026 - 11:15