“မှိုစိုက်ပျိုးထုတ်လုပ်ခြင်းသင်တန်း”သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အာရှဒေသသစ်တော ကဏ္ဍဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Operation-AFoCO)တို့ ပူးပေါင်းဆောင်ရွက် သည့် "သစ်တောများအား မှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်တော ထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောများ တည်ထောင်ခြင်းစီမံကိန်း" (FD-AFoCO Model Forest Project)” အထောက်အပံ့ဖြင့် “မှိုစိုက်ပျိုး ထုတ်လုပ်ခြင်းသင်တန်း”အား သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၊ ရေဆင်းတွင်(၆-၇-၂၀၂၄) ရက်နေ့မှ (၈-၇-၂၀၂၄) ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီးအဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားကို (၈-၇-၂၀၂၄)ရက်နေ့၊ ညနေ(၁၅:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးတက်ရောက် သင်တန်းဆင်းအမှာစကား ပြောကြား သည်။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာနနှင့် သစ်တောသုတေသနဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ သင်တန်းဆရာများ၊ ပဲခူးခရိုင်နှင့် ပြည်ခရိုင်မှ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဆောင်ရွက်နေသူများနှင့် သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်မှ မှိုစိုက်ပျိုးခြင်းလုပ်ငန်း စိတ်ပါဝင်စားသူ သင်တန်းသူ/သားသင်တန်းသားများ စုစုပေါင်း ( ၅၉ )ဦး တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

date: 
Tuesday, July 9, 2024 - 18:00