မော်လမြိင်(တွဲဘက်)ချောင်းဆုံမြို့နယ်၊သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
(၂၆.၆.၂၀၂၆)ရက်နေ့၊ (၁၁:၃၀)နာရီအချိန်၊ မော်လမြိုင်(တွဲဘက်)ချောင်းဆုံမြို့နယ်၊ ကမာမိုအခြေခံပညာအထက်တန်းကျောင်း၊ကမာမိုကျေးရွာ၊ ကျောင်းခန်းမ၌"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးခြင်းဟောပြောပွဲကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာမများ(၄) ဦး၊ကျောင်းသား/သူ/များ၊ ကျား(၅၄)ဦး မ(၈၃) ဦးနှင့် မော်လမြိုင်(တွဲဘက်) ချောင်းဆုံမြို့နယ်မှသစ်တောဝန်ထမ်း(၄)ဦး၊စုစုပေါင်း ကျား(၅၉)ဦး၊မ(၈၆)ဦး၊(၁၄၅)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် မော်လမြိုင်(တွဲဘက်)ချောင်းဆုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးသက်နိုင် (၂)က သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအားလည်းကောင်း၊ တောအုပ်ကြီး ဦးတင့်နိုင်ဇော်က သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခြင်း၊ ဗီဒီယို clip ပြသခြင်း များဆောင်ရွက်ကာ တက်ရောက်သည့် ကျောင်းသား/သူများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။



