ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင်မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့်သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီမိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို( ၂၆.၆.၂၀၂၆ )ရက်နေ့ ၊နေ့လည်( ၁၄:၀၀)နာရီအချိန်တွင် ငပုတောမြို့နယ်၊ ခရင်ဝါးချောင်းကျေးရွာအုပ်စု၊ ဂျမ်းကပ်ကျေးရွာ အလယ်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း(၂)ဦး၊ဂျမ်းကပ်ကျေးရွာသား(၂၀)ဦး၊မ(၂၅)ဦး၊စုစုပေါင်း(၄၇)ဦး တက်ရောက်ခဲ့ပါသည်။ ‎အခမ်းအနားတွင် ဘိနယ်တာဝန်ခံ တောအုပ် ဦးအောင်ကိုကို က (က)မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း- မိုးရာသီတွင် စနစ်တကျစိုက်ပျိုးနည်းစနစ်များနှင့် ပျိုးပင်ရှင်သန်နှုန်း မြင့်မားစေရန် ဆောင်ရွက်ရမည့်အချက်များ၊ သစ်တောပြုစုထိန်းသိမ်းခြင်း- စိုက်ပြီးသစ်ပင်များ ရေရှည်ရှင်သန်ရေးအတွက် ပေါင်းမြက်ရှင်းခြင်း၊ တောမီးကာကွယ်ခြင်းနှင့် လူထုအခြေပြုသစ်တောလုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲ န်းသိမ်းရေး-သက်ရှိသတ္တဝါများနှင့် အပင်မျိုးစိတ်များ ပျောက်ကွယ်မသွားစေရန်နှင့် ဂေဟစနစ်မျှခြေကို ထိန်းသိမ်းရန်လိုအပ်ပုံ၊ရာသီဥတုပြောင်းလဲမှုကာကွယ်ရေး:ရာသီဥတုဖောက်ပြန်မှု၊ ရေကြီးမှု၊မြေပြိုမှုနှင့် မိုးခေါင်မှုဘေးအန္တရာယ်များကို သစ်တောများဖြင့်တားဆီးပုံ၊ စိမ်းလန်းသောလူနေမှုပုံစံ (Green Lifestyle):ပလတ်စတစ်လျှော့ချရေး၊ စနစ်တကျအမှိုက်စွန့်ပစ်ရေးနှင့်ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချရေးနည်းလမ်းများ။ လူထုပူးပေါင်းပါဝင်မှု အခန်းကဏ္ဍ: ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် တစ်ဦးချင်းစီမှစ၍ လူထုတစ်ရပ်လုံး စုပေါင်းတာဝန်ယူ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းချက်များကို ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, June 29, 2026 - 11:15