စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ် “မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်နှင့်အညီ “မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကို ‌‌ (၂၇.၆.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ အချိန်တွင် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်၊ အမှတ်-၃၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ရာ ကျောင်းသူ(၄၂)ဦး၊ကျောင်းသား(၁၆)ဦး၊ မြို့နယ် သစ်တောဝန်ထမ်း (၆)ဦး၊ စုစုပေါင်း(၆၄)ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေး‌ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးရဲထက်အောင်-၁ မှ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏ အရေးပါမှုနှင့် သစ်တောထိန်းသိမ်းရေးနည်းလမ်းများ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ သစ်ပင်စိုက်ပျိုးခြင်းနည်း စနစ်များ၊ သစ်ပင်စိုက်ပျိုးခြင်း၏အကျိုးရလဒ်များ၊ ဇီ၀မျိုးစုံမျိုးကွဲများထိန်းသိမ်းရေးတို့ကို အသိပညာ ပေးဆွေးနွေး ဟောပြောခဲ့ပါကြောင်းနှင့် ကျောင်းသူ/ကျောင်းသားများမှ မေးမြန်းသည့်သိရှိလိုသည့်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ လက်ကမ်းစာဆောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပြီး၊ တမာ(၅)ပင်၊ ပိတောက်(၅)ပင်၊ မယ်ဇယ်(၅)ပင်၊ စုစုပေါင်း(၁၅)ပင် ဖြန့်ဝေပေးခြင်းနှင့် သရုပ်ပြစိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Monday, June 29, 2026 - 15:15