ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ထိန်နှစ်ပင်ကျေးရွာအုပ်စု၊ စည်ပင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ထိန်နှစ်ပင်ကျေးရွာအုပ်စု၊ စည်ပင်သာကျေးရွာဘုန်းတော်ကြီးကျောင်းတွင်(၂၇-၆-၂၀၂၆)ရက်နေ့၊ (၀၉:၃၀)နာရီ အချိန်တွင်“မိုးရာသီသစ်ပင် စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ ထန်းတပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးပါ သစ်တောဝန်ထမ်း(၇)ဦး၊ စည်ပင်သာကျေးရွာမှ အမျိူးသား (၄၇)ဦး အမျိုးသမီး(၆၉)ဦး၊ စုစုပေါင်းအမျိုးသား(၅၄)ဦး၊ အမျိုးသမီး(၆၉)ဦး၊ စုစုပေါင်း(၁၂၃)ဦးတို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ ထန်းတပင်မြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းမှ သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း၊ သစ်တောများကပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချ ရေးတွင် သစ်တောသစ်ပင်များ၏အရေးပါမှု ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်တောများထိန်းသိမ်းရေး၊ သစ်ပင်များထပ်မံ စိုက်ပျိုးကြရေးနှင့် သစ်တောမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် ကျေးရွာနေ ပြည်သူများကို လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, June 29, 2026 - 15:30