ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ထိန်နှစ်ပင်ကျေးရွာအုပ်စု၊ ပက်အင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ထိန်နှစ်ပင်ကျေးရွာအုပ်စု၊ ပက်အင်းကြီးကျေးရွာဘုန်းတော်ကြီးကျောင်းတွင်(၂၇.၆.၂၀၂၆)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင်“မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ ထန်းတပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးပါ သစ်တောဝန်ထမ်း(၇)ဦး၊ ပက်အင်းကြီးကျေးရွာမှ အမျိုးသား (၃၆)ဦး အမျိုးသမီး(၅၂)ဦး၊ စုစုပေါင်းအမျိုးသား(၄၃)ဦး၊ အမျိုးသမီး(၅၂)ဦး၊ စုစုပေါင်း(၉၅)ဦးတို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ ထန်းတပင်မြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းမှ သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း၊ သစ်တော များကပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောသစ်ပင်များ၏အရေးပါမှု ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်တောများထိန်းသိမ်းရေး၊ သစ်ပင်များထပ်မံ စိုက်ပျိုးရေးနှင့် သစ်တောမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများကို တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများကိုအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်းသတင်းရရှိပါသည်။

date: 
Tuesday, June 30, 2026 - 10:00