သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၂၄ ခုနှစ် ၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို (၁၂-၇-၂၀၂၄) ရက်နေ့၊ နံနက် (၇:၃၀) နာရီတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ် (၁၆)၊ သဇင်လမ်းဘေးတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ကြီးဌာနအောက်ရှိဝန်ထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၇၅၀)ဦးတက်ရောက်၍ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြပါသည်။
ရှေးဦးစွာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးခင်မောင်ရီမှ ပျဉ်းကတိုးပျိုးပင်ကို စတင်စိုက်ပျိုးပေးပြီး တက်ရောက်လာသူများမှ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ယမနေ၊ တမလန်း၊ မဟော်ဂနီ၊ သင်္ကန်း၊ ယင်းမာသစ်မျိုး(၈)မျိုးစုစုပေါင်း (၁၅၀၀) ပင်အား တစ်ပျော်တစ်ပါးစုပေါင်း စိုက်ပျိုးခဲ့ကြပါသည်။

date: 
Friday, July 12, 2024 - 14:15