စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်၊ တမူးမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီ၀မျိုးစုံမျိုးကွဲနှင့်ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ‌ကျင်းပ

၂၉-၆-၂၀၂၆ ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် တမူးမြို့၊ စော်ဘွား(၁၁)ရပ်ကွက် ဇေလူရည်ချွန် ကိုယ်ပိုင်အထက်တန်ူကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ ‌တမူးမြို့ ဇေလူရည်ချွန်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူ (၇၀)ဦး၊ ဆရာ/ဆရာမ(၅)ဦး သစ်တောဦးစီးဌာနမှ ၀န်ထမ်း(၁၂)ဦး စု‌စုပေါင်း (၈၇)ဦးတက်ရောက်ခဲ့ကြပါသည်။အဆို ပါအခမ်းအနားတွင် တမူးခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းကျော်းစိုးမှ မိုးရာသီကာလတွင် သစ်‌ေတာစိုက်ခင်းများတည်ထောင်ခြင်း ၊ လူထုဖြန့်ပျိုးပင်များဖြန့်ဝေစိုက်ပျိုးခြင်း၊ စိုက်ပျိုးသည် ပျိုးပင်များအား ရှင်သန်ကြီးထွားမှုကောင်းမွန်စေရန် ပြုစုထိန်းသိမ်းခြင်းနည်းလမ်းများအားရှင်းလင်းပြောကြားခြင်း၊ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ သစ်တောသစ်ပင်များမရှိက ကြုံတွေ့နိုင်သည့် အခက်အခဲဒုက္ခများအား ရှင်းလင်းပြောကြားခြင်း၊ ဆက်လက်၍ ဇီ၀မျိုးစုံမျိုးကွဲများထိန်းသိမ်းရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများဖြစ်သည့် တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များကို ကာကွယ်ထိန်းသိမ်းမှုမပြုလုပ်ပါက မျိုးသုဉ်းပျောက်ကွယ်နိုင်‌ေကြာင်းရှင်းလင်းပြောကြားခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်ရေးမှာ အဓိက အခန်းကဏ္ဍဖြစ်ပြောကြားခြင်း၊ CITES အကြောင်း ပြောကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာသူ ကျောင်းသူကျောင်းသားများ၏ သိရှိလိုသည့်များ‌ေမးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ဆက်လက်၍ တရားမဝင်သစ်ထုတ်လုပ်မှုလျော့ပပျောက်ရေး နှင့်ပတ်သက်၍ အသိပာပေးပြောကြားခြင်း၊ သစ်တောဥပဒေ များရှင်းလင်းပြောကြားခြင်း၊ တရားမဝင်သစ်ဖမ်းဆီးရေးတွင် ပြည်သူများ ဝိုင်းဝန်းကူညီ သတင်းပေးပြောကြာရန်ပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Tuesday, June 30, 2026 - 10:00