ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအုပ်စု၊ ညောင်ခြေထောက်ကျေးရွာအလယ်တန်းကျောင်းအစည်းအဝေးခန်းမတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၂၉-၆-၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအုပ်စု၊ ညောင်ခြေထောက်ကျေးရွာ အလယ်တန်းကျောင်းအစည်းအဝေးခန်းမတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း(၄)ဦး၊ ဆရာ/ဆရာမများ(၇)ဦး၊ ကျောင်းသား/ကျောင်းသူများ ကျား(၅၄)ဦး၊ မ(၆၁)ဦး၊စုစုပေါင်း ကျား(၆၀)ဦး၊ မ(၆၆)ဦး၊(၁၂၆)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တောအုပ်ကြီး ဦးကောင်းကျော်ဇင် မှမိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ မိုးရာသီတွင်သစ်တောဦးစီးဌာနမှ ပျိုးပင်များအခမဲ့ဖြန့်ဝေပေးနေမှုအခြေအနေ၊ သစ်တောပြုစုထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Tuesday, June 30, 2026 - 10:15