ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့တွင်သစ်တောဦးစီးဌာနမှ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့တွင်သစ်တောဦးစီးဌာနမှ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို (၁၂.၇.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ခိုလမ်မြို့အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပခဲ့ပသည်။ ရှေးဦးစွာ လွိုင်လင်ခရိုင်၊လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မျိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သစ်တောများနှင့် ရာသီဥတုပြောင်း လဲမှုလျော့ချရေးနှင့် သစ်တောသစ်ပင် များ၏ကောင်းကျိုးများ အကြောင်းအသိပညာ ပေးပြောကြားပေးခဲ့ပါသည်။
ဆက်လက်၍ လွိုင်လင်မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးမောင်မျိုးက ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ ဇီဝမျိုးစုံမျိုးကွဲများအကြောင်း၊ သစ်တောနှင့် ရေဝေရေလဲ ဒေသများ ထိန်းသိမ်းရေးအကြောင်း၊ သစ်တောများကပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို အသိပညာပေးဟောပြောကာ မြန်မာနိုင်ငံတွင်ရာသီဥတုပြောင်းလဲမှု ကြောင့် ကြုံတွေ့နေရသော သက်ရောက်မှု impact များကိုဗီဒီယို မှတ်တမ်းဖြင့်ပြသခဲ့ပြီး တက်ရောက်လာသော ဆရာ/ဆရာမ (၁၀)ဦးကျောင်းသား/ကျောင်းသူ(၂၉၀)ဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်မြို့မိမြို့ဖ(၄)ဦး စုစုပေါင်း(၃၀၅)ဦးတို့မှ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ ပါသည်။ ထို့နောက် သစ်တောဦးစီးဌာနဝန်ထမ်းများက ကျောင်းဝင်း အတွင်း ကျွန်းပင်(၁၀၀) ပင်ကို ဆရာ၊ဆရာမများ၊ကျောင်းသား/ကျောင်းသူများနှင့် အတူတကွ စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Saturday, July 13, 2024 - 12:45