ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊"သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊မီးခိုးမြူလျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ
(၂၉-၆-၂၀၂၆)ရက်နေ့၊(၁၀:ဝ၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာအုပ်စု၊ ကျုံကူးကျေးရွာ၊ အ.ထ.က-ကျုံကူး တွင် ငပုတောမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်-ဦးအောင်ကိုကိုက သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး၊မီးခိုးမြူလျှော့ချရေးဆိုင်ရာအသိပညာပေးဆိုင်ရာအသိပညာပေးဟောပြောပွဲကိုကျင်းပဆောင်ရွက်ခဲ့ပါသည်။အသိပညာပေးဟောပြောပွဲတွင် ကျောင်းသား ကျောင်းသူ ကျား (၃၀)ဦး၊ မ(၃၅)ဦး၊ ကျောင်းသား/သူပေါင်း (၆၅) ဦး၊ သစ်တောဝန်ထမ်း(၂)ဦး၊ဆရာမ (၅)ဦး၊ စုစုပေါင်း (၇၂)ဦးတက်ရောက်ခဲ့ပါသည်။အဆိုပါ ဟောပြောပွဲတွင် တောအုပ်-ဦးအောင်ကိုကိုက သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ တန်ဖိုးများအကြောင်း၊ ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းများအကြောင်း၊ မီးခိုးမြူပြဿနာ၏ အကြောင်းရင်းနှင့် ကျန်းမာရေးဆိုးကျိုးများ၊ မီးခိုးမြူ လျှော့ချရေး လက်တွေ့နည်းလမ်းများ၊ တစ်ဦးချင်းစီကစရမည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းလမ်းများ၊သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် မီးခိုးမြူလျှော့ချရေးလုပ်ငန်းများ အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။


