မိုင်းဆတ်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့်ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း အသိပညာပေးဆွေးနွေးခြင်းအစီအစဉ် (Talk Show)အားကျင်းပ

မိုင်းဆတ်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့်(၁၂.၇.၂၀၂၄) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၌ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း အသိပညာပေးဆွေးနွေးခြင်းအစီအစဉ် (Talk Show) အား ကျင်းပဆောင်ရွက်ခဲ့ရာ သစ်တောသစ်ပင်စိုက်ပျိုးရခြင်း၏ရည်ရွယ်ချက်၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ သစ်တောဦးစီးဌာနမှ သစ်တောလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေ၊ ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပဆောင်ရွက်ထားရှိမှုအခြေအနေများအား (Talk Show) ပြုလုပ်ခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Saturday, July 13, 2024 - 12:45