ကျောက်ဆည်ခရိုင်၊ တံတားဦး(စဥ့်ကိုင်တွဲ)မြို့နယ်၊ စဉ့်ကိုင်မြို့၊ ဘယ်လင်းကျေးရွာ၏ အ-ထ-ကကျောင်းခန်းမတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊မီးခိုးမြူငွေလျော့ချရေးနှင့်မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆို

ကျောက်ဆည်ခရိုင်၊ တံတားဦး(စဥ့်ကိုင်တွဲ)မြို့နယ်၊ စဉ့်ကိုင်မြို့၊ ဘယ်လင်းကျေးရွာ၏ အ-ထ-က ကျောင်းခန်းမတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊မီးခိုးမြူငွေလျော့ချရေးနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ(ခရိုင်အဆင့်)ကို (၂၉-၆-၂၀၂၆)ရက်နေ့ (၁၀:၀၀)နာရီ တွင်ကျင်းပဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် ကျောက်ဆည်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်အေး-၃ မှ သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများ၊ တောမီးထိန်းချုပ်ရေးဆိုင်ရာနည်းလမ်းများ၊ မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအစီအစဉ်များ၊ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရေအရင်းအမြစ်ထိန်းသိမ်းခြင်းဆိုင်ရာ အကျိုးကျေးဇူးများ၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာအကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့ပါသည်။တံတားဦး(စဉ့်ကိုင်တွဲ)မြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူး ဦးကျော်ဇင်မြင့်ဦးမှလည်း ယနေ့ကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှု၊ အပူချိန်မြင့်တက်လာမှု၊ ရေရှားပါးမှု မြေဆီလွှာပျက်စီးမှုနှင့် သဘာဝဘေးအန္တရာယ်များ ပိုမိုများပြားလာ နေသည့်အချိန်တွင် သစ်ပင်စိုက်ပျိုးခြင်းသည် အနာဂတ်အတွက် အရေးကြီးသည့် ရင်းနှီးမြှပ်နှံမှု တစ်ရပ်ဖြစ် ကြောင်း ၊ ယခု မိုးရာသီအချိန်တွင် သစ်ပင်စိုက်ပျိုးခြင်းကို ကျောင်းသား/ကျောင်းသူများ ၊ ပြည်သူလူထုများမှ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းစိုက်ပျိုးရန်၊“တစ်ပင်စိုက် တစ်ပင်ရှင်သန်စေရေး”အတွက် ကျေးရွာအလိုက် အရိပ်ရပင်များ စိုက်ပျိုးရန်၊ မြို့ပြသစ်တောငယ်များ တည်ထောင်ခြင်းသည် အပူချိန်လျော့ချမှုတွင် အခြေခံဖြစ်ကြောင်းနှင့် သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများကို တက်နိုင်သမျှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးဟောပြောခဲ့ပြီး2023 MONREC MP4 Video clip ကိုပြသခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် ကျောင်းသား (၅၀)ဦး၊ ကျောင်းသူ(၅၀) ဦး၊ ဆရာမ(၃) ဦး၊ ဆရာ(၁) ဦး ၊ သစ်တောဝန်ထမ်း(၄) ဦး ၊ စုစုပေါင်း (၁၀၈)ဦး တက်ရောက်၍ အသိပညာပေးလက်ကမ်းစာစောင်များကို တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများအားဝေမျှခဲ့ပြီး(၁၁:၀၀)နာရီတွင်ဟောပြောပွဲပြီးစီးပါကြောင်းသတင်းရရှိသည်။

date: 
Tuesday, June 30, 2026 - 10:15