ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဟိုပုံးမြို့နယ် ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း အသိပညာပေးဆွေးနွေးခြင်းအစီအစဉ် (Talk Show)အားကျင်းပ

သစ်တောဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အနေဖြင့်(၁၂.၇.၂၀၂၄)ရက်နေ့တွင် ဒေသအဆင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၌ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း အသိပညာပေးဆွေးနွေးခြင်းအစီအစဉ် (Talk Show)အားကျင်းပ ဆောင်ရွက်ခဲ့ရာ သစ်တော၊သစ်ပင်စိုက်ပျိုးရခြင်း၏ရည်ရွယ်ချက်၊ သစ်တော၊ သစ်ပင် စိုက်ပျိုးခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သစ်တောဦးစီးဌာနမှ သစ်တောလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပဆောင်ရွက်ထားရှိမှု အခြေအနေ နှင့် သစ်တောဥပဒေအရ ပြည်သူများအနေဖြင့် သစ်ပင်စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ဥပဒေပါ အချက်များအားရှင်းလင်းခြင်းတို့်ကို (၁၀)မိနစ်စာ Talk Show ပြုလုပ်ခဲ့ပါကြောင်း သိရှိရပါ သည်။

date: 
Saturday, July 13, 2024 - 12:45