ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အခမ်းအနားကို( ၂၉.၆.၂၀၂၆ )ရက်နေ့ ၊နံနက်( ၁၁:၀၀)နာရီအချိန်တွင် ရေတာရှည်မြို့နယ်၊ ဆွာမြို့ ၊ ဆွာမြောက်ပိုင်း တောင်ကြား(အရှေ့)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင်ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ကြီးပါ ကျောင်းဆရာ/ဆရာမ (၆)ဦး၊ ကျောင်းသား(၁၀၁) ဦး၊ ကျောင်းသူ(၁၀၂)ဦးနှင့် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း ( ၄ )ဦး၊ စုစုပေါင်း ( ၂၁၃ )ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တောအုပ်ကြီး ဦးရဲမြင့်မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး စသည့် အကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။



