၁၅-၆-၂၀၂၆ ရက်နေ့မှ ၂၁-၆-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိ
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၈.၀၆၇၂)တန်၊ သစ်မာ (၇.၄၇၀၆)တန်၊ အခြား (၆၄.၄၄၅၆)တန်၊ စုစုပေါင်း (၇၉.၉၈၃၄)တန်၊ ယာဉ်/ယန္တရား (2)စီး၊ တရားခံ (၂၉)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၈-၆-၂၀၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ အနောက်(၁)ဘိနယ်၊ သဖန်း ချောင်းကျေးရွာ၊ သဖန်းချောင်းတိုက်ကျောင်းအတွင်းရှိ ဂိုထောင်(၂)လုံးအတွင်းမှ တရားမဝင် သစ်ကဇော်/သစ်ယား ခွဲသား စုစုပေါင်း (၃၀၀၉)ချောင်း (၃၄.၂၇၈၄)တန်၊ တရားခံ(၁)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date:
Tuesday, June 30, 2026 - 12:30
