ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင်မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီမိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို( ၂၉.၆.၂၀၂၆ )ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း(၃)ဦး၊ဆားမလောက် အ-ထ-က ကျောင်းအုပ် ဆရာမကြီး ပါ ဆရာမ (၆)ဦး၊ ကျောင်းသား (၇၃)ဦး၊ ကျောင်းသူ (၈၃)ဦး၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၅၆)ဦး တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ဘိနယ်တာဝန်ခံ တောအုပ် ဦးသက်ပိုင်စိုး က (က)မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း- မိုးရာသီတွင် စနစ်တကျ စိုက်ပျိုးနည်းစနစ်များနှင့် ပျိုးပင်ရှင်သန်မှုနှုန်း မြင့်မားစေရန်၊ ဆောင်ရွက်ရမည့်အချက်များ၊ သစ်တောပြုစုထိန်းသိမ်းခြင်း- စိုက်ပြီးသစ်ပင်များ ရေရှည်ရှင်သန်ရေးအတွက် ပေါင်း/မြက်ရှင်းခြင်း၊ တောမီးကာကွယ်ခြင်းနှင့် လူထုအခြေပြုသစ်တောလုပ်ငန်းများ၊ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး- သက်ရှိသတ္တဝါများနှင့် အပင်မျိုးစိတ်များ ပျောက်ကွယ်မသွားစေရန်နှင့် သက်ရှိများဂေဟစနစ်မျှခြေများကို ထိန်းသိမ်းရန်လိုအပ်ပုံ၊ ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေး ရာသီဥတုဖောက်ပြန်မှု၊ ရေကြီးမှု၊ မြေပြိုမှုနှင့် မိုးခေါင်မှုဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များကို သစ်တောများဖြင့်တားဆီးပုံ၊ စိမ်းလန်းသောနေမှုပုံစံ Green Lifestyle):ပလတ်စတစ်လျှော့ချရေး၊ စနစ်တကျအမှိုက်စွန့်ပစ်ရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချရေး နည်းလမ်းများ။ပြည်သူလူထုပူးပေါင်းပါဝင်မှု အခန်းကဏ္ဍ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် တစ်ဦးချင်းစီမှစ၍ လူထုတစ်ရပ်လုံး စုပေါင်းတာဝန်ယူပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းချက်များကို ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။


