ပဲခူးတိုင်းဒေသကြီးအတွင်းတည်ထောင်ထားရှိသည့်ကျွန်းစိုက်ခင်းများတွင်ကျရောက်တတ်သည့်ဖျက်ပိုးနှင့်ရောဂါများအားဘက်ပေါင်းစုံကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများဖြင့်စီမံအုပ်ချုပ်ခြင်းစီမံကိန်းတွင်စီမံကိန်းလက်ထောက်(Project Driver)(၁)ဦးအတွက်အလုပ်လျှောက်လွှာခေါ်ယူ

၁။ သစ်တောဦးစီးဌာနနှင့် အာရှသစ်တောဆိုင်ရာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization – AFoCO) တို့ ပူးပေါင်း၍ “ပဲခူးတိုင်းဒေသကြီး အတွင်း တည်ထောင်ထားရှိသည့် ကျွန်းစိုက်ခင်းများတွင် ကျရောက်တတ်သည့် ဖျက်ပိုးနှင့် ရောဂါများအား ဘက်ပေါင်းစုံကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများဖြင့် စီမံအုပ်ချုပ်ခြင်း စီမံကိန်း (FD-AFoCO IPDM Project)” အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ အထိ (၅) နှစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ အဆိုပါစီမံကိန်းအတွက် အရည်အချင်းပြည့်မီသည့် စီမံကိန်းယာဉ်မောင်း (Project Driver) (၁) ဦး လစ်လပ်လျက်ရှိသဖြင့် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီ သူများ လျှောက်ထားနိုင်ပါသည် -
(က) ယာဉ်မောင်းလိုင်စင်(ခ) ရရှိပြီးသူဖြစ်ရမည်။
(ခ) Auto/Manual ကျွမ်းကျင်စွာ မောင်းနှင်တတ်ရမည်။
(ဂ) ယာဉ်မောင်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်ရှိသူ ဖြစ်ရမည်။
(ဃ) ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
၃။ တာဝန်ထမ်းဆောင်ရမည့်နေရာ - စီမံကိန်းရုံး၊ သစ်တောကာကွယ်ရေးဌာနစု၊ သစ် တောသုတေသနဌာန။
၄။ တာဝန်ထမ်းဆောင်ရမည့်ကာလ - အလုပ်ခန့်အပ်သည့်နေ့မှ ၂၀၂၅ ခုနှစ်၊ စက်တင် ဘာလ (၃၀) ရက်နေ့အထိ။
၅။ လစာ - အမေရိကန်ဒေါ်လာ ၁၅၀ (USD 150)။
(မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲနှုန်း မြန်မာကျပ်ငွေဖြင့် ပေးချေမည် ဖြစ်ပါသည်။)
၆။ စီမံကိန်းယာဉ်မောင်း (Project Driver) (၁) ဦး၏ လုပ်ငန်းတာဝန်နှင့် ဝတ္တရားများ (Terms of Reference – ToR) မှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည် -
(က) စီမံကိန်းရုံးတည်ရှိသည့် သစ်တောသုတေသနဌာန၊ ရေဆင်းတွင် တာဝန် ထမ်းဆောင်ရမည်။
(ခ) စီမံကိန်းဧရိယာများဖြစ်သည့် ပြည်ခရိုင်နှင့် သာယာဝတီခရိုင်ရှိ ဒေသတွင်း လမ်းကြောင်းများနှင့် ရင်းနှီးကျွမ်းဝင်ရမည်။
(ဂ) စီမံကိန်းလုပ်ငန်း လိုအပ်ချက်အရ စီမံကိန်းဧရိယာများအပြင် လိုအပ်ပါက မြန်မာနိုင်ငံရှိ အခြားနေရာများသို့ မောင်းနှင်ပေးပို့ရမည်။
(ဃ) ယာဉ်မောင်းသူများအနေဖြင့် အလုပ်ချိန်အတွင်း မူးယစ်ဆေးဝါး သုံးစွဲခြင်းနှင့် အရက်သေစာ သောက်စားခြင်းကို အထူးရှောင်ကြဉ်ရမည်။
(င) ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများကို ကောင်းမွန်စွာ နားလည်သဘောပေါက် ၍ လက်တွေ့လိုက်နာ မောင်းနှင်ရမည်။
(စ) လုပ်ငန်းခွင်လုံခြုံရေး (Safety First) ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ထမ်းဆောင်ရမည်။ မော်တော်ယာဉ်ပေါ်တွင် လိုက်ပါသူများအား လုံခြုံရေး ခါးပါတ် အသုံးပြုစေခြင်း၊ မော်တော်ယာဉ်မောင်းနှင်နေစဉ်အတွင်း လက်ကိုင်ဖုန်း အသုံးမပြုခြင်း စသည့် အချက်များအား လေးစားလိုက်နာရမည်။
(ဆ) မော်တော်ယာဉ်များအား သန့်ရှင်းသပ်ရပ်စွာနှင့်ကောင်းမွန်စွာ ထိန်းသိမ်းရမည်။
(ဇ) အလုပ်ရာထူးမှ နှုတ်ထွက်လိုပါက စီမံကိန်းမန်နေဂျာထံသို့ အနည်းဆုံး (၁) လ ကြိုတင်၍ အသိပေးပြီး တာဝန်ယူထားသည့် လုပ်ငန်းများ အပြီးသတ်ဆောင် ရွက်ပြီးမှသာ နှုတ်ထွက်ရမည်ဖြစ်ပါသည်။
၇။ အစမ်းခန့်ကာလအား (၆) လ သတ်မှတ်ပြီး လုပ်ငန်းဆောင်ရွက်မှုအပေါ် ကျေနပ်မှု ရှိပါက အတည်ပြုခန့်အပ်သွားမည်ဖြစ်ပါသည်။
၈။ လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကို သစ်တောသုတေသနဌာန၊ ညွှန်ကြားရေးမှူးရုံးသို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက် ထားနိုင်ပါသည် -
(က) ကိုယ်ရေးရာဇဝင်၊
(ခ) ယာဉ်မောင်းလိုင်စင်မိတ္တူ၊
(ဂ) မှတ်ပုံတင်မိတ္တူ၊
(ဃ) ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ၊
(င) အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာ။

date: 
Tuesday, July 16, 2024 - 15:00