တနင်္သာရီတိုင်း​ဒေသကြီး၊မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊သစ်​တောဦးစီဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာအသိပညာ​ပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်း​ဒေသကြီး၊မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊သစ်​တောဦးစီးဌာနမှမိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာအသိပညာ​ပေး​ဟော​ပြောပွဲအခမ်းအနားကို(၂၉.၆.၂၀၂၆) ရက်​နေ့ နံနက်(၁၃း၀၀)နာရီအချိန်၌ ကျွန်းစုမြို့နယ်၊​ညောင်ဘီးကျေးရွာအုပ်စု ၊အ.ထ.က ကျောင်းအတွင်း ကျင်းပ​ဆောင်ရွက်ခဲ့ရာ ​ညောင်ဘီးကျေးရွာအုပ်စု၊အုပ်ချုပ်​ရေးမှူး၊သစ်​တောဝန်ထမ်းများ၊ဆရာ/ဆရာမများနှင့်​ကျောင်းသား/​ကျောင်သူ ကျား(၃၃)ဦး၊မ(၁၀၉)ဦး၊စုစု​ပေါင်း(၁၄၂)ဦးတက်​ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ကျွန်းစုမြို့နယ် သစ်​တောဦးစီးဌာန၊တောအုပ်ဦးတင်လှိုင်မှ မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရန်၊သစ်ပင်များ၏ အကျိုး​ကျေးဇူးများ၊ သစ်​တောနှင့်ဇီဝမျိုးစုံမျိုးစုံထိန်းသိမ်း​ရေး၊ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးအ​ကြောင်းအရာများကို တက်​ရောက်လာသူများသို့ အသိပညာ​ပေးဟော​ပြောခြင်းဆောင်ရွက်ခဲ့ပြီး၊တက်​ရောက်လာသူများ၏ သိရှိလိုသည့်အချက်များအ​ပေါ်ပြန်လည်ရှင်းလင်း​ဖြေကြားခြင်းနှင့် ​ကျောင်းဝန်းအတွင်း မန်ဂျန်ရှားပျိုးပင်များအားသရုပ်ပြစိုက်ပျိုးပြသခဲ့ပြီး၊​ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစို​ပြေ​ရေးအတွက်​ကျောင်းဝန်းအတွင်းပျဥ်းကတိုး၊မ​ဟော်ဂနီ၊မန်ဂျန်ရှား စသည့်အရိပ်ရပင်များနှင့်ပန်းအလှပင်များဖြစ် သည့်ခ​ရေ၊စက္ကူပန်းပင်၊စုစု​ပေါင်း(၆၀)ပင်အားစု​ပေါင်းစိုက်ပျိုးခဲ့ပါ​ကြောင်းသတင်းရရှိသည်။

date: 
Tuesday, June 30, 2026 - 14:00