သစ်တောဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း အသိပညာပေးဆွေးနွေးခြင်းအစီအစဉ် (Talk Show)အားကျင်းပ
သစ်တောဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှ (၁၅.၇.၂၀၂၄)ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးရုံး၌ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း အသိပညာပေး ဆွေးနွေးခြင်းအစီအစဉ် (Talk Show)အားကျင်းပဆောင်ရွက်ခဲ့ပါသည်။ ရာသီဥတု သင့်တင့် မျှတခြင်းနှင့် သစ်တောသစ်ပင်များတည်ရှိနေခြင်းဆက်စပ်ပတ်သက်နေမှု၊ သစ်ပင်စိုက်ပျိုးရခြင်း ၏ အကျိုးကျေးဇူးများ၊ သစ်တောဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော မိုးရာသီလှုပ်ရှားမှာများ၊ အသိပညာပေးဟောပြောပွဲများနှင့် ရေဝေရေလဲဒေသများ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် (၂၀၂၄)မိုးရာသီတွင် ပြည်သူလူထုအခမဲ့ဖြန့်ဝေခြင်း၊ စိုက်ပျိုးခြင်းလုပ်ငန်းများတို့ကို Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။