ပြည်ကြီးတံခွန်မြို့နယ်၊"သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာသိကောင်းစရာ"အသိပညာပေးဟောပြောပွဲကျင်းပ

(၁၇-၇-၂၀၂၄)ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (က)ရပ်ကွက်၊ (၆၉)လမ်း၊ (၁၁၃×၁၁၄)လမ်းကြားရှိ အလက(၂၁)ကျောင်းတွင် "သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သိကောင်းစရာ" အသိပညာပေး ဟောပြောပွဲကို မဟာအောင်မြေ မြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနေယုက ဟောပြောကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ပြီး ကျောင်းဝင်းအတွင်း ကျွန်း(၁၀)ပင်၊ တပေဘူတ (၁၀)ပင်၊ မယ်ဇယ်(၁၅)ပင်၊ ပိတောက်(၁၀)ပင်၊ ယင်းမာ(၁၀)ပင်၊ မယ်ဇလီ(၁၀)ပင်၊ ငုရွှေဝါ (၁၀)ပင်၊ စိန်ပန်း(၁၀)ပင် စုစုပေါင်း(၈၅)ပင်ကို ကျောင်းသား/ကျောင်းသူများမှ စိုက်ပျိုးခဲ့ပါသည်။

date: 
Thursday, July 18, 2024 - 10:00