တောင်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းနှင့်အသိပညာပေးဆွေးနွေးခြင်း

ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းနှင့်အသိပညာပေးဆွေးနွေးခြင်း အစီအစဥ်အရ သစ်တောဦးစီးဌာန၊ တောင်ကြီးမြို့နယ်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းခြင်းတို့တွင် ပြည်သူများ ပူးပေါင်း ပါဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် တောင်ကြီးမြိုနယ် ပလီလင်းကျေးရွာ (အထက ပလီလင်း)တွင် (၁၆.၇.၂၀၂၄)ရက်နေ့တွင် သစ်ပင်စိုက်ပျိုးခြင်းနှင့် အသိပညာပေးဟော ပြောပွဲအားကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ (အ-ထ-က) ပလီလင်းမှ ကျောင်းသား/ သူ (၁၇၀)ဦး၊ဆရာ/ဆရာမ(၁၀)ဦး၊ကျောင်းကော်မတီ ရပ်မိ/ဖ(၂၀)ဦး စုစုပေါင်း(၂၀၀)ဦး တက်ရောက်ပြီး မန်ဂျန်းရှား၊ ခါတော်မီ၊ ချယ်ရီ အပင်(၃၀၀)စိုက်ပျိုးခဲ့ပြီ၊ အထကပလီလင်း ခန်းမတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး ဟောပြောခြင်း ကျင်းပခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Thursday, July 18, 2024 - 10:00