ကျိုက်ထိုမြို့နယ်၊ဇေယျာမွန်ရပ်ကွက်၊ ရပ်ကွက်ဓမ္မာရုံံ၌"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ် ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
(၃၀-၆-၂၀၂၆)ရက်နေ့(၁၃:၀၀)နာရီအချိန်တွင်ကျိုက်ထိုမြို့နယ်၊ဇေယျာမွန်ရပ်ကွက်၊ ရပ်ကွက်ဓမ္မရုံ၌ ကျိုက်ထိုမြို့နယ်၊သစ်တောဦးစီးဌာနမှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပပြုလုပ်ခဲ့ရာဟော ပြောပွဲအခမ်းအနားသို့ ဇေယျာမွန်ရပ်ကွက်နေပြည်သူများ၊ ကျိုက်ထိုမြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများကျား(၉)ဦး၊မ(၄၇) ဦး၊စုစုပေါင်း(၅၆)ဦးတက်ရောက်ခဲ့ပြီး ဟောပြောပွဲအခမ်းအနားတွင်ကျိုက်ထိုနယ်၊သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇင်ကိုလတ်မှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာအသိပညာဟောပြောခြင်း"အနေဖြင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတွင်သစ်ပင်သစ် တောများ၏အရေးပါမှု၊သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအခြေအနေများအားပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ရာ ပြည်သူများမှ သိလိုသည်များမေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။



