စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်“မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာ များ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်နှင့်အညီ “မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကို ‌‌(၂၉.၆.၂၀၂၆) ရက်နေ့၊ (၁၁:၀၀)နာရီ အချိန်တွင် ကလေးမြို့နယ်ကျောက္ကာကျေးရွာ၊ ဘုန်ကြီး‌ကျောင်းတွင်ကျင်းပခဲ့ရာ အမျိုးသမီး(၄၈)ဦး အမျိုးသား(၄၉)ဦး၊ မြို့နယ်သစ်တောဝန်ထမ်း(၅)ဦး၊ စုစုပေါင်း(၁၀၂) ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေး‌ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးပြည့်ဟိန်းမှ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏ အရေးပါမှုနှင့် သစ်တောထိန်းသိမ်းရေးနည်းလမ်းများ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ သစ်ပင်စိုက်ပျိုးခြင်းနှင့်ပြုစုထိန်းသိမ်းရေးနည်းစနစ်များ၊ သစ်ပင်စိုက်ပျိုးခြင်း၏အကျိုးရလဒ်များ၊ ဇီ၀မျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံး တွင်လူထုဖြန့်ပျိုးပင်များ အခမဲ့ထုတ်ယူနိုင်ပါကြောင်းတို့ကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါကြောင်းနှင့် ဒေသခံပြည်သူများမှ မေးမြန်းသည့်သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, July 3, 2026 - 14:30