မကွေးတိုင်းဒေသကြီး၊တတိယအကြိမ်မြောက်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

(၁၈-၇-၂၀၂၄)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် တတိယအကြိမ်မြောက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို အခြေခံကျန်းမာရေး တက္ကသိုလ် ဝန်းအတွင်း ကျင်းပခဲ့ပြီး၊ဝန်ကြီးချုပ်၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်များအပါအဝင် အခြေခံကျန်းမာရေး တက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူများ တက်ရောက်အင်အား(၅၂၈)ဦးဖြင့် တမာ၊ ခရေ၊ ပန်းမယ်ဇလီ၊ ပိတောက်စသည့် သစ်မျိုး(၄)မျိုး၊ (၆၀၀)ပင်ကို စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Friday, July 19, 2024 - 19:15