သစ်တောဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် (၂၀၂၄)ခုနှစ်၊ ပြည်သူလူထုပူးပေါင်းပါဝင်သောသစ်ပင်စိုက်ပျိုးခြင်းနှင့်အသိပညာပေးဟောပြောခြင်းအစီအစဉ်အားကျင်းပ

(၁၇-၇-၂၀၂၄)ရက်နေ့၊ သစ်တောဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နောင်တောင်းဆရာတော်ကြီးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ-ဥက္ကဌ၏ လမ်းညွှန်မှုအရ (၂၀၂၄)ခုနှစ်၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း နှင့် အသိပညာပေးဟောပြောခြင်း အစီအစဉ်ကို နောင်အယ်ကျေးရွာ၊ လောကဟိတ ဘုန်းတော်ကြီးသင်ပရဟိတကျောင်းအတွင်း၌ ကိုရင်(ကျောင်းသား)(၆၅)ဦး၊ ကျောင်းသူ (၉၂)ဦး၊ ဆရာ၊ဆရာမ (၂၃)ဦး၊ စုစုပေါင်း (၁၈၀)ဦးအား သစ်တောဦးစီးဌာနမှ အကောင် အထည် ဖော်ဆောင်ရွက်လျှက်ရှိသောသစ်တောလုပ်ငန်းများတွင် ပိုမိုတတ်ကြွစွာ ပူးပေါင်း ပါဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနှင့် သစ်တော၊သစ်ပင်များ၏အခန်းကဏ္ဌ၊ သစ်ပင်ပျိုးထောင်၊ စိုက်ပျိုး သည့်နည်းစနစ်နှင့် သစ်တော၊သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူး အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် လောကဟိတကျောင်းဝန်းအတွင်း၌ ကျောင်းထိုင် ဆရာတော် ဦးကောဝိဒ၏ ကြီးကြပ်မှုဖြင့် ကျွန်း(၄၅၀)ပင်၊ စိန်ပန်းနီ(၃၀၀)ပင်၊ စိန်ပန်းပြာ (၄၀၀)ပင်၊ ကျူးလစ်(၃၀၀)ပင်၊ ငုစပ်(၃၅၀)ပင်၊ ကုက္ကိုလ်(၂၀၀)ပင် စုစုပေါင်း သစ်မျိုး(၆)မျိုး၊ ပျိုးပင်ပေါင်း(၂၀၀၀)ပင်အား စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Friday, July 19, 2024 - 19:30