လင်း‌ခေးမြို့နယ်၊ သစ်တောဦးစီးဌာနအနေဖြင့်ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းနှင့်အသိပညာပေးဆွေးနွေးခြင်းအစီအစဉ်ကျင်းပ

(၁၈.၇.၂၀၂၄)ရက်နေ့တွင် လင်း‌ခေးမြို့နယ်၊ သစ်တောဦးစီးဌာနအနေ ဖြင့် ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်း အစီအစဉ်အရ လင်းခေးမြို့၊ အ.လ.က ပန်ဝေါင်ကျောင်းတွင် သဘာပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ သစ်ပင်စိုက်ပျိုးခြင်း အားကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျောင်းသား/သူ (၁၃၀)ဦး၊ဆရာ/ ဆရာမ(၁၂)ဦး၊ ကျောင်းကော်မတီ ရပ်မိ/ဖ(၂)ဦး၊ စုစုပေါင်း(၁၄၄)ဦး တက်ရောက်ပြီး လင်းခေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်မှ သစ်တောနှင့်ရာသီဥတု ပြောင်းလဲမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊လင်ခေးမြို့နယ် ၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးနိုင်မှ ဇီဝမျိုးစုံမျိုးကွဲများ၊ ရေဝေရေလဲထိန်သိမ်းရေးလုပ်ငန်းများ၊ သစ်တော သစ်ပင်များ၏ အကျိုးကျေးဇူးများကို ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ သူများနှင့်အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ပြီးနောက် တက်ရောက်လာသည့်ကျောင်းသား၊သူများနှင့် ဆရာဆရာမများအား သစ်ပင်စိုက်ပျိုးမှုအား သရုပ်ပြရှင်းလင်းခဲ့ပြီး ကျောင်းဝန်းအတွင်းကျောင်းသား၊သူများနှင့် စုပေါင်းပြီး ကျွန်း(၅၀) ပင်၊ စိန်ပန်း(၅၀)ပင်၊ စိန်တံချူ(၂၅)ပင်၊ ရေတမာ(၂၅)ပင်၊ ခရေ (၅၀)ပင်၊ မယ်ဇလီ(၅၀)ပင် စုစုပေါင်း(၂၅၀)ပင်အား စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်

date: 
Friday, July 19, 2024 - 19:30