မိတ္ထီလာခရိုင်၊သာစည်မြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲကျင်းပ

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး ဦးခင်မောင်ဌေးပါ(၃)ဦးအဖွဲ့သည် သာစည်မြို့နယ်၊ မြေစို၊ မုန်တောကျေးရွာ၊ အ.ထ.က ကျောင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲအား(၁.၇.၂၀၂၆)ရက်နေ့၊(၀၉:၀၀)နာရီတွင် ကျင်းပဆောင်ရွက်ရာ သစ်တောဝန်ထမ်း(၃)ဦး၊ ဆရာ/ဆရာမ(၂၀)ဦး၊ ကျောင်းသား/ကျောင်းသူ(၂၀၀)၊ စုစုပေါင်း(၂၂၃)ဦးတက်ရောက်ပါသည်။အဆိုပါဟောပြောပွဲကို တောအုပ်ကြီး ဦးခင်မောင်ဌေးမှ စာသင်ကျောင်း၊ အတွင်း၊အပြင် စိမ်းလန်းသာယာလှပစေရန် သစ်တောသစ်ပင်များစိုက်ပျိုးရန်၊`ဥတုရာသီ၊တောကိုမှီ'ဆိုသကဲ့သို့ သစ်ပင်များနှစ်စဉ်စိုက်ပျိုးသွားခြင်းဖြင့် ရရှိခံစားရမည့် အကျိုးကျေးဇူးများ၊'တစ်ပင်မှတစ်တော၊တစ်တောမှ တစ်တောင် တို့စွမ်းဆောင်' စိုက်ပျိုးပါက လက်ရှိနှင့်အနာဂတ်ရရှိနိုင်သည့် ခံစားမှုများ၊သစ်တောသစ်ပင်များမှ အကျိုးပြုသည့် အကြောင်းတရားများ၊ သဘာပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကြောင့်ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရမည့်အကြောင်းအရာများ၊ သစ်တောသစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများကို ကျောင်းသား/ကျောင်းသူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဆွေးနွေးဟောပြောခဲ့ပါသည်။ (၁၀:၀၀)နာရီတွင်ဟောပြောပွဲပြီးစီးကြောင်း သတင်းရရှိသည်။

date: 
Monday, July 6, 2026 - 11:00