လှည်းကူးမြို့နယ်၊ သမဝါယမကောလိပ်(ဖောင်ကြီး)တွင်သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းတို့ကို ပြည်သူလူထုအတွင်း နိုးကြားသော အသိစိတ်ဓာတ်ရှင်သန်စေရေး အတွက် အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိရာ(၁၈-၇-၂၀၂၄) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် လှည်းကူးမြို့နယ်၊ သမဝါယမကောလိပ်(ဖောင်ကြီး)၌ ၂၀၂၄ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေး ဟော ပြောပွဲ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ လှည်းကူးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ အဖွဲ့ဝင်များ၊ သမဝါယမကောလိပ် ကျောင်းအုပ်ကြီး ဦးရဲမြင့်သန်း၊ ဒုတိယကျောင်းအုပ်ကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ(၃၀၀)ဦး တက်ရောက်ခဲ့ကြပြီး လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးကျော်က ကမ္ဘာ့သစ်တော များနှင့် မြန်မာ့သစ်တောများ၏ တည်ရှိမှုများ၊ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တောသစ်ပင်များမှ ပေးစွမ်းနိုင်သည့် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ၊ ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောများ၏အရေးပါမှုနှင့် မိုးရာသီကာလ သစ်ပင်စိုက်ပျိုး ပြုစုခြင်း နည်းစနစ်များကို တက်ရောက်လာသူများ သိရှိနားလည်စေရန် အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး သစ်တောသစ်ပင် စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေး လက်ကမ်းစာစောင်(၃၀၀)ကို တက်ရောက်လာသူများအား သစ်တောဦးစီး ဌာန၊ ဝန်ထမ်းများမှ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Friday, July 19, 2024 - 19:30