ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်၊သစ်တောဦးစီးဌာနမှရေချွေတာသုံးစွဲရေးနှင့် တောင်ယာများခုတ်ထွင်မီးရှို့မှုမပြုလုပ်ရေးဆိုင်ရာအသိပေးဟောပြောပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ "ရေချွေတာသုံးစွဲရေးနှင့် တောင်ယာများခုတ်ထွင်မီးရှို့မှု မပြုလုပ်ရေး ဆိုင်ရာအသိပေးဟောပြောပွဲ'’အခမ်းအနားအား(၂-၇-၂၀၂၆)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်၌ အုတ်တွင်းမြို့နယ်၊ပေါက်တောကျေးရွာအုပ်စု၊ ဗောဓိကုန်းရွာသစ်ကျေးရွာ၊ယန္တယား၊ အ.လ.က(ခွဲ)ကျောင်းခွဲစာသင်ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာကျောင်းအုပ်ဆရာမကြီးပါ ကျောင်းဆရာမ (၆)ဦး၊ကျောင်းသား(၃၇)ဦး၊ကျောင်းသူ(၃၈)ဦး၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး - ဦးမင်းဟိဏ်းခန့်ပါသစ်တောဝန်ထမ်း(၇)ဦး စုစုပေါင်း(၈၈)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တောအုပ်ကြီးဦးမင်းဟိဏ်းခန့်မှ"ရေချွေတာသုံးစွဲရေး၊ တောအုပ် ဦးမျိုးမြင့်စိုးမှ တောင်ယာများခုတ်ထွင်မီးရှို့မှုမပြု လုပ်ရေးဆိုင်ရာအသိပညာပေးအကြောင်းအရာများကို ဟောပြောပို့ ချခဲ့ပြီး တတ်ရောက်လာသူများမှသိရှိလိုသည်များကို ရှင်းလင်းပြောကြားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။


