ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်မှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"အခမ်းအနားကို( ၂.၇.၂၀၂၆ )ရက်နေ့ ၊နံနက်(၀၉:၀၀)နာရီအချိန်တွင် သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာအုပ်စု၊ ဂရံသာယာအေးကျေးရွာ အခြေခံပညာအလယ်တန်ကျောင်း(ခွဲ)တွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးပါ ဆရာ၊ ဆရာမ(၄)ဦး၊ ကျောင်းသား(၄၂)ဦး၊ ကျောင်းသူ(၆၁)ဦးနှင့် သစ်တောဦးစီးဌာနမှဝန်ထမ်း(၄)ဦး၊ စုစုပေါင်း(၁၁၂)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် တောအုပ်ကြီး ဦးအောင်သူမျိုးမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏အရေးပါမှုနှင့်သစ်တောထိန်းသိမ်းရေးနည်းလမ်းများ၊ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ သစ်ပင်စိုက်ပျိုးခြင်းနည်းစနစ်များ၊ သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးရလဒ်များ၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးတို့ကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှသိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။


