စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် “မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးစိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများနှင့်သဘာဝမြေဩဇာပြုလုပ်ခြင်းနည်းစနစ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်းဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်နှင့်အညီ"မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများနှင့်သဘာဝမြေဩဇာပြုလုပ်ခြင်းနည်းစနစ်ဆိုင်ရာအသိပညာပေးဟော ပြောပွဲ"အခမ်းအနားကို(၂-၇-၂၀၂၆)ရက်နေ့(၁၀:၀၀)နာရီအချိန်တွင် ကလေးဝမြို့နယ်အမှတ်(၁)ရပ်ကွက်မြို့နယ်စိုက်ပျိုးရေးရုံးတွင် ကျင်းပခဲ့ရာ အမျိုးသမီး(၂၀)အမျိုးသား(၄၄)မြို့နယ်သစ်တောဝန်ထမ်း(၉)ဦး၊ စုစုပေါင်း(၇၃)ဦးတက်‌ရောက်ခဲ့ပါသည်။ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဖိုးဆောင်းမှ"သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏အရေးပါမှုနှင့် သစ်တောထိန်းသိမ်းရေးနည်းလမ်းများ၊ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊သစ်ပင်စိုက်ပျိုးခြင်း နှင့် ပြုစုထိန်းသိမ်းရေးနည်းစနစ်များ၊ သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးရလဒ်များ၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်း‌ရေး၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံး တွင်လူထုဖြန့်ပျိုးပင်များ အခမဲ့ထုတ်ယူနိုင် ပါကြောင်းနှင့်စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများနှင့်သဘာဝမြေဩဇာပြုလုပ်သုံးစွဲနိုင်ရေးနည်းစနစ်တို့ကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါကြောင်းနှင့် ဒေသခံပြည်သူများမှ မေးမြန်းသည့်သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ စိုက်ပျိုးလိုသောပျိုးပင်များ ပေးအပ်ခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, July 6, 2026 - 11:30