ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၂.၇.၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၃၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့၊ အ.ထ.က(၂)၊ဂါဒီယန် စိန်ဝင်းခန်းမဆောင်တွင် ရေကြည်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးပိုင်မင်းဝေမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း(၄)ဦး၊ ဆရာ၊ဆရာမ(၃)ဦး၊ ကျောင်းသား(၅၂)ဦး၊ ကျောင်းသူ(၈၀)ဦး၊ စုစုပေါင်း(၁၃၉)ဦးတက်ရောက်ခဲ့ပါသည်။(ကျား-၅၆ ဦး၊ မ- ၈၃ ဦး)အဆိုပါ အခမ်းအနားတွင် တောအုပ်ကြီး ဦးပိုင်မင်းဝေမှ မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှုအခြေအနေ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများဖွဲ့စည်းတည်ထောင်ထားမှုအခြေအနေ၊ သစ်တော ဖုံးလွှမ်းမှု အခြေအနေ၊ သစ်တောပြုန်းတီးမှုကို ဖြစ်ပေါ်စေသည့်အကြောင်း အရင်းများ၊ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ အကြောင်းအရာများ၊ သစ်တောမြေပြင်ပ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ ပတ်ဝန်ကျင်ဆိုင်ရာ ပြဿနာများ နှင့် ဖြေရှင်းရမည့် နည်းလမ်းများ၊ ရေကြည်မြို့နယ်မှ ဆောင်ရွက်လျှက်ရှိသည့် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် သစ်တောသစ်ပင်စိုက်ပျိုး ထိန်းသိမ်းရေးလုပ်ငန်းများ၊ သစ်မျိုးများအလိုက်အသုံးဝင်ပုံများစသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး Climate Change Video Clip ပြသခဲ့ပါကြောင်း နှင့် ဆွေးနွေးမေးမြန်းချက်များကိုလည်း ပြန်လည် ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Monday, July 6, 2026 - 11:45