သစ်တောဦးစီးဌာန၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ ၂၀၂၄ ခုနှစ်၊မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်

သစ်တောဦးစီးဌာန၊ လွိုင်လင်ခရိုင် ၊လဲချားမြို့နယ်၊ လဲချားမြို့၊ ပေါရာဏစေတီတော် အနီးတွင်(၂၃.၇.၂၀၂၄)ရက်နေ့၊ နံနက် (၈:၄၅)အချိန်၌ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့ပါ သည်။ အခမ်းအနားတွင် လဲချားမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေး မှူးမှ မိခင်နှင်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ သစ်ပင် များပေးအပ်ခြင်း၊ လဲချားမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးမှ ကျောင်သူကျောင်းသားများထံ သစ်ပင်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ လဲချားမြို့နယ် မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်နှင့် အမျိုးသမီးရေးရာ အဖွဲ့ အဖွဲ့ဝင်ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊မီးသတ်တပ်ဖွဲ့၊ တပ်ရင်းတပ်ဖွဲ့များ၊ ကျောင်းသား ကျောင်သူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများဖြင့် စုပေါင်း သစ်ပင်စိုက်ခြင်းအား ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသစ်ပင်စိုက်ပွဲသို့ တက်ရောက်အင်အား(၂၅၀)ဦး တက်ရောက် ပြီး ချယ်ရီ၊စိန်ပန်းနီ၊ မဲဇလီ၊မျောက်ငို စုစုပေါင်း(၁၀၀၀)ပင် စိုက်ပျိုးခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Tuesday, July 23, 2024 - 14:00