၁၅-၇-၂၀၂၄ ရက်နေ့မှ ၂၁-၇-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂.၇၄၈၀)တန်၊ သစ်မာ (၁၁.၁၉၉၈)တန်၊ အခြား (၂၃.၀၉၁၀)တန်၊ စုစုပေါင်း (၃၇.၀၃၈၈)တန်၊ ယာဉ်/ ယန္တရား (၇)စီး၊ တရားခံ (၅၀) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၆-၇-၂၀၂၄ ရက်နေ့၊ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြို့မ(ဆိပ်ကမ်း)ဘိနယ်၊ ငွေပုလဲစက်မှုဇုန် ရပ်၊ ကလွင်ကျေးရွာအုပ်စု၊ ဘုတ်ချောင်း ချောင်းကမ်းနံဘေးမှ တရားမဝင် ကတွတ်/ ကောင်းမှု ခွဲသား စုစုပေါင်း(၉၉)ချောင်း (၁၂.၂၆၉၈)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, July 23, 2024 - 15:30