ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်၊"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေ‌သယံဇာတထိန်းသိမ်း‌ရေးနှင့်ရေချွေတာသုံးစွဲရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ

(၂.၇.၂၀၂၆)ရက်နေ့၊(၁၃:ဝ၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ မြချမ်းသာဘုရားဓမ္မာရုံတွင် သာပေါင်းမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်းဇော်မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ ရေချွေတာသုံးစွဲရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကိုကျင်းပဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင် ဒေသခံကျား(၄၀)ဦး၊ မ(၅၀)ဦး၊ သစ်တောဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၉၃)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးအရာရှိ ဦးသိန်းဝင်းဇော်က မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနည်းစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောသယံဇာတများ ထိန်းသိမ်းရေး၊ ရေသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေချွေတာသုံးစွဲရေး၊ သာပေါင်းမြို့နယ်မှ ဆောင်ရွက်လျှက်ရှိသည့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကိုအသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, July 6, 2026 - 12:15