ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်၊"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ရေ‌သယံဇာတထိန်းသိမ်း‌ရေးနှင့်တောမီးလောင်ကျွမ်းမှုပပျောက်ရေး၊မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၃.၇.၂၀၂၆)ရက်နေ့၊(၀၉:ဝ၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ အ.ထ.က(ဇီးဖြူကွင်း)တွင် သာပေါင်းမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမှူးသက်ပိုင်မှ မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် တောမီးလောင်ကျွမ်းမှုပပျောက်ရေး၊ မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင် ကျောင်းသား(၁၃၈)ဦး၊ ကျောင်းသူ(၁၃၂)ဦး၊ ဆရာ၊ ဆရာမ(၁၀)ဦး၊ သစ်တောဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၂၈၃)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးအရာရှိ ဦးမှူးသက်ပိုင်က မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနည်းစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောသယံဇာတများထိန်းသိမ်းရေး၊ ရေသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တောမီးလောင်ကျွမ်းမှုပပျောက်ရေး၊ မီးခိုးမြူငွေ့ လျှော့ချရေး၊ သာပေါင်းမြို့နယ်မှ ဆောင်ရွက်လျှက်ရှိသည့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, July 6, 2026 - 12:15