ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာန"မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိမ်းသိမ်းခြင်း အသိပညာပေးဟောပြောပွဲ"အားကျင်းပ

ပဲခူးမြို့နယ်သစ်တောဦးစီးဌာန၏ "မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိမ်းသိမ်းခြင်း အသိပညာပေးဟောပြောပွဲ"အား(၂၃-၇-၂၀၂၄)ရက်နေ့ (၁၀း၀၀)နာရီတွင် ပဲခူးတက္ကသိုလ် ၏ Community Center ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစန်းယုမော် ဦးဆောင်သည့် ဒုတိယပါမောက္ခ ချူပ်(၂)အပါအဝင်၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ အင်အား (၁၅၀)ဦးမှတက်ရောက်ပါသည်။ ဟောပြောပွဲအခမ်းအနားတွင် ဒုတိယ ပါမောက္ခချူပ်ဒေါက်တာ စန်းယုမော် မှအဖွင့်အမှာစကားပြောကြားပြီးပဲခူး မြို့နယ်သစ်တောဦးစီးဌာန ဦးစီအရာရှိ ဦးတင်ထွန်းမှ သဘာဝဘေးအန္တရယ်လျော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာနှင့်သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များအားအသိပညာပေးဟော ပြောခဲ့ပြီးသဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာသဲကန္တာရတိုက်ဖျက်ရေး Video Clip အားပြသပါသည်။ ဆက်လက်၍ပဲခူးတက္ကသိုလ်စန္ဒကူးအဆောင်ရှေ့ရှိမြေကွက် လပ်တွင် ပဲခူးတက္ကသိုလ်၏ ၂၀၂၄ခုနှစ်သစ်ပင်စိုက်ပျိုးပွဲတော်အား ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယပါမောက္ခချူပ်ဦးဆောင် သည့်(၁၅၀)ဦးမှ တက္ကသိုလ်ဝန်းကျင်စိမ်းလန်းစိုပြေ သာယာလှပပြီးအရိပ် ရအပွင့်ပွင့်သည့်အမြင့်(၃)ပေနှင့်အထက်ရှိ ကံ့ကော်၊ ခရေ၊ ငုရွှေဝါ၊ ပျဥ်းမ၊ စိန်ပန်းနီ၊ စိန်ပန်းဝါ၊ စိန်ပန်းပြာ၊ တပေဘူတအဝါရောင်၊ တပေဘူတပန်းရောင် အပင်မျိုး(၉)မျိုးပျိုးပင်ပေါင်း (၁၂၂)ပင်အား စုပေါင်း၍စိုက်ပျိုးခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Wednesday, July 24, 2024 - 12:00