ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊သစ်တောဦးစီးဌာနမှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အခမ်းအနားကို(၃.၇.၂၀၂၆) ရက်နေ့၊နံနက်( ၁၀:၃၀)နာရီအချိန်၌ အုတ်တွင်းမြို့နယ်၊ ဂွေးကုန်းကျေးရွာ၊ ရာအိမ်မှူး-ဦးသိန်းဌေး၏ နေအိမ်ခြံဝန်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း(၄)ဦး၊ ဒေသခံပြည်သူ ကျား(၂၁)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်း(၃၃)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး-ဦးဇော်မင်းဦးမှ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဟောပြောပို့ချခဲ့ပြီး တက်ရောက်လာသူ များမှသိရှိလိုသည်များကို ပြန်လည်ရှင်းလင်းပြောကြားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။


