ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို( ၃.၇.၂၀၂၆ )ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာအုပ်စု၊ ထန်းကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးပါ ကျောင်းဆရာမ(၁၅)ဦး၊ ကျောင်းသား (၇၀)ဦး၊ ကျောင်းသူ(၄၀)ဦး၊ ကျောင်းကော်မတီဝင်(၂)ဦးနှင့် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း(၄)ဦး၊စုစုပေါင်း(၁၃၁)ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တောအုပ်ကြီး ဦးဇော်လင်းနိုင်မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

