ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အခမ်းအနားကို ( ၃.၇.၂၀၂၆ )ရက်နေ့ ၊နံနက်( ၀၉:၃၀)နာရီအချိန်တွင်ပေါင်းတည်မြို့နယ်၊ မင်းကွက်(၃)ရပ် ကွက်၊ အ.ထ.က၊ မင်းကွက်စာသင်ကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာမြို့နယ်လက်ထောက်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများ/ ကျောင်းသား/ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သစ်တောဝန်ထမ်းများ စုစုပေါင်း(၂၃၃)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ဦးစီးအရာရှိ ဦးဇော်သင်းမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏အရေးပါမှုနှင့်သစ်တောထိန်းသိမ်းရေးနည်းလမ်းများ၊ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ သစ်ပင်စိုက်ပျိုးခြင်းနည်းစနစ်များ၊ သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးရလဒ်များ၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး တို့ကိုအသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။ တက်ရောက်လာသည့် ကျောင်းသား/သူများက သစ်ပင်စိုက်ပျိုးသည့်နည်းစနစ်များ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားရသည့် အကြောင်းရင်းများကို မေးမြန်းဆွေးနွေးရာ ဦးစီးအရာရှိ ဦးဇော်သင်းမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ ပြီး ကျောင်းသားကျောင်းသူများအတွက် ဗလာစာအုပ်များလှူဒါန်းခဲ့ပါကြောင်း သတင်းရရှိသည်။




