ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အခမ်းအနားကို(၃.၇.၂၀၂၆ )ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရေတာရှည်မြို့နယ်၊ ဘိုးတော်ကုန်းကျေးရွာအုပ်စု၊ ဘိုးတော်ကုန်းကျေးရွာအခြေခံပညာမူလွန်ကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးပါ ကျောင်းဆရာမ(၅)ဦး၊ ကျောင်းသား(၄၅)ဦး၊ ကျောင်းသူ(၃၀)ဦးနှင့် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း( ၅)ဦး၊ စုစုပေါင်း(၈၅)ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တောအုပ်ကြီး ဦးစန်းဦးမှ မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်း၊ တက်ရောက်လာသူများမှသိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ကျောင်းသုံးဗလာစာအုပ်၊ဘောပင်များပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။



