ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ရေချွေတာရေးအသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ(၃-၇-၂၀၂၆)ရက်နေ့ နံနက်(၀၉၀၀)နာရီအချိန်၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ တန့်ယန်းမြို့မှာ“မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ ရေချွေတာရေး”အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ တန့်ယန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးအိုက်ပေါင်းအောင်က ဟောပြောပို့ချခဲ့ပါကြောင်းနှင့် တက်ရောက်လာသည့် ကျောင်းသား/သူများမှ သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးဌာနမှူးမှ ပြန်လည်ဖြေကြားခဲ့ပါကြောင်း၊ ဟောပြောပွဲအပြီး၌ သစ်ပင်စိုက်ပျိုးခြင်း နည်းစနစ်အား လက်တွေ့ပြသစိုက်ပျိုးခဲ့ပါကြောင်းနှင့်ဟောပြောပွဲသို့ ကျား(၈၇)ဦး၊ မ(၁၀၅)ဦး စုစုပေါင်း(၁၉၂)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, July 6, 2026 - 15:30