တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်မှ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ
မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို(၃-၇-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီတွင် ကော့သောင်းမြို့နယ်၊အလက(ခွဲ)၃မိုင်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့်၊ဆရာမများ(၄)ဦး ၊ကျောင်းသား(၃၀)ဦး၊ကျောင်းသူ(၄၀)ဦး၊ စုစုပေါင်း(၇၀)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ(၅)ဦး စုစုပေါင်း(၇၉)ဦးတက်ရောက်ကြပါသည်။ အခမ်းအနားတွင်ကော့သောင်းမြို့နယ်၊သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးကျော်ဇောအောင်က မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင်တက်ရောက်လာသည့် ကျောင်းသား/သူများအား မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ သစ်တောထိန်းသိမ်းရေး၊သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးဒဏ်များမှ ကာကွယ်ပေးခြင်းဆိုင်ရာများစသည့် သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။



