သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ဘန်ဘွေးကုန်းရေလှောင်တမံ ကြိုးဝိုင်းအတွင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ (ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း)ကျင်းပ

(၂၅-၇-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်က သန်လျင်မြို့နယ်၊ သစ်တော ဦးစီးဌာန ဦးစီးအရာရှိ ဦးတင့်နိုင်ပါ (၅)ဦးနှင့် ကျောက်တန်းမြို့နယ်၊ သီလဝါ ဆိပ်ကမ်း အပိုင် (MITT) မှ အထွေထွေမန်နေဂျာ ဦးဖြိုးဝေအောင် ပါကုမ္မဏီဝန်ထမ်း(၁၁၀)ခန့်ပါဝင်‌သော အဖွဲ့တို့ဖြင့် သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ဘန်ဘွေးကုန်းရေလှောင်တမံ ကြိုးဝိုင်း အတွင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ (ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း)ကျင်းပခဲ့ရာ ပျဥ်းကတိုး (၁၀)ပင်၊ မဟော်ဂနီ(၁၅)ပင်၊ ခရေ(၅)ပင်၊ မန်ဂျန်ရှား(၂၇၀)ပင် စုစုပေါင်း (၃၀၀)ပင် စိုက်ပျိုး ခဲ့ပြီး ၊ လက်ကမ်းစာစောင်(၁၀၀)စောင် ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Thursday, July 25, 2024 - 14:45