ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ “သစ်‌တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ကျောင်းသား/ကျောင်းသူများအား “သစ်‌တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်း ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကို (၂၅.၇.၂၀၂၄)ရက်နေ့၊နံနက်(၀၉:၃၀)နာရီတွင် ထန်းတပင်မြို့နယ်၊ အခြေခံပညာအထက်တန်း‌ကျောင်း(လှိုင်ရတနာခန်းမ)၌ ကျင်းပပြုလုပ် ရာ ဟောပြောပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်မှူး၊ မြို့နယ် ဒုတိယပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမ(၁၁)ဦး Grade-11 ကျောင်းသား ကျောင်းသူ(၄၄)ဦး၊ Grade -10 ကျောင်းသား/ ကျောင်းသူ (၇၉)ဦး၊ Grade -8 ကျောင်းသား/ ကျောင်းသူ(၁၃)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူပေါင်း(၁၃၆)ဦး သစ်တောဝန်ထမ်း (၉)ဦး ၊ စုစုပေါင်း (၁၅၆)ဦးတို့ တက်ရောက်ခဲ့ကြပြီး၊ ထန်းတပင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦး‌နိုင်လင်းထွန်းက တက်‌ရောက်လာသူများအား မိုးရာသီကာလ သစ်ပင်စိုက် ပျိုးခြင်း၊ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ နည်းစနစ်များနှင့် အကျိုးကျေးဇူးများအား အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲတက်ရောက် လာသူများ အား အသိပညာပေး လက်ကမ်းစာစောင်များကို သစ်တောဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြပါ သည်။ ဆက်လက်၍ ကျောင်းဝန်းအတွင်း ခ‌ရေပင်(၂၀)နှင့် ထိုင်ဝမ်ဘန်တာပင်(၁၀)ပင် စုစုပေါင်းပျိုးပင်(၃၀)ပင် လက်တွေ့သရုပ်ပြ စိုက်ပျိုးခဲ့ကြပါကြောင်း သိရှိရပါသည်။

date: 
Thursday, July 25, 2024 - 15:00