သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းတွင် စီမံကိန်းကာလအတွင်း လစ်လပ်လျှက်ရှိသော ယာဉ်မောင်းဝန်ထမ်းနေရာအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း

သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းတွင် စီမံကိန်းကာလအတွင်း လစ်လပ် လျှက်ရှိသော အောက်ဖော်ပြပါ ယာဉ်မောင်းဝန်ထမ်းနေရာအတွက် သတ်မှတ်အရည်အချင်း များ နှင့် ကိုက်ညီသောသူများ လျှောက်ထားနိုင်ပါသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) လျှောက်ထားသူသည် အသက် (၁၈) နှစ်ပြည့်ပြီးသူနှင့် အသက် (၅၅)နှစ် မကျော် လွန်သူဖြစ်ရပါမည်။
(ဂ) အခြေခံပညာအလယ်တန်း အဆင့်အနည်းဆုံးရှိသူဖြစ်ရပါမည်။ အစိုးရဝန်ထမ်းမဟုတ်သူ ဖြစ်ရပါမည်။
(ဃ) ယာဉ်မောင်းလိုင်စင် အနိမ့်ဆုံး (ခ) လိုင်စင်ရှိသူ ဖြစ်ရပါမည်။
(င) ယာဉ်မောင်းအတွေ့အကြုံ (၂) နှစ်အထက် ရှိရမည်။
(စ) အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရပါမည်။
(ဆ) ကျန်းမာရေးကောင်းမွန်ပြီး သွက်လက်ဖြတ်လက်၍ အမိန့်နာခံပြီးတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်လိုသူဖြစ်ရပါမည်။
(ဇ) တာဝန်ထမ်းဆောင်နေချိန်အတွင်း အရက်‌သေစာ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင် ကြဉ်ရမည်။
(ဈ) သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်သူ ဖြစ်ရပါမည်။
၂။ လျှောက်ထားလိုသူသည် အောက်ဖော်ပြပါ အချက်အလက်များဖြင့် ပြည့်စုံစွာ လျှောက် ထားရမည်-
(က) ကိုယ်ရေးမှတ်တမ်း
(ခ) ယာဉ်မောင်းလိုင်စင်
(ဂ) ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ကျေးရွာ/ရပ်ကွက်တွင် နေထိုင်ကြောင်းနှင့်အ ကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံချက်
(ဃ) သက်ဆိုင်ရာရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်
(င) အိမ်ထောင်စုစာရင်းမိတ္တူ

၃။ တာဝန်ထမ်းဆောင်ရမည့်နေရာ - သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်း စီမံကိန်း၊ ဥယျာဉ်အုပ်ချုပ်ရေးမှူးရုံး၊ ရေဖြူမြို့နယ်။
၄။ လစာ - ၃၉၇,၈၆၀/- ကျပ်
၅။ လျှောက်လွှာနှင့်အတူ ကိုယ်ရေးရာဇဝင်အသေးစိတ်အချက်အလက်များနှင့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာမှ ထောက်ခံချက်တို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ( ) ရက်နေ့ထက်နောက်မကျစေဘဲ “တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၊ ဥယျာဉ်အုပ် ချုပ်ရေးမှူးရုံး၊ ရေဖြူမြို့နယ်၊ ကံပေါက်‌ဒေသသို့” ရုံးချိန်အတွင်းလူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။
၆။ အသေးစိတ်သိရှိလိုပါက “တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၊ စီမံကိန်းဒါရိုက်တာ ရုံး၊ ရုံးအမှတ် (၃၉)၊ သစ်‌တောဦးစီးရုံးချုပ်၊ နေပြည်တော် (သို့မဟုတ်) ဥယျာဉ်အုပ်ချုပ်ရေးမှူး ရုံး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသသို့” လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းနံပါတ်- ၀၉ ၄၄၈ ၅၃၇ ၃၇၀၊ ၀၉ ၆၇၃ ၀၈၃ ၉၅၅ သို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံးစမ်းနိုင်ပါသည်။

စီမံကိန်းယာဉ်မောင်း၏ လုပ်ငန်းတာဝန်များ (Terms of Reference - ToR) မှာ အောက်ဖော်ပြ ပါအတိုင်းဖြစ်ပါသည်-
(က) ယာဉ်စီးနင်းသူများအား လိုရာခရီးသို့ အချိန်မီ ဘေးကင်းစွာ ပို့ဆောင်နိုင်ရမည်။
(ခ) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။
(ဂ) ခရီးဝေးထွက်ခွာနိုင်သူဖြစ်ရမည်။
(ဃ) ယာဉ်မောင်းချိန်အတွင်း အရက်၊ ဘီယာ သောက်သုံးခြင်းရှောင်ကျဉ်ရမည်။
(င) တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်း များကို လိုက်နာနိုင်သူ ဖြစ် ရမည်။
(စ) အလုပ်ရာထူးမှ နှုတ်ထွက်လိုပါက ဥယျာဉ်အုပ်ချုပ်ရေးမှူးထံသို့ အနည်းဆုံး (၁) လ ကြိုတင်အသိပေး၍ နှုတ်ထွက်ရမည်။

date: 
Thursday, July 25, 2024 - 16:00