ညောင်လေးပင်ခရိုင် ၊ ညောင်လေပင်မြို့ နယ်၊ မိုးရာသီသစ်ပင် စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်း ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ သစ်တော ဦးစီးဌာနက မိုးရာသီ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်း ဆိုင်ရာအသိပညာပေးဟောပြော ပွဲ အား (၂၅-၇-၂၀၂၄) ရက်နေ့၊ မွန်းလွှဲ ၁၃:၀၀ နာရီ အချိန်တွင် ညောင်လေးပင်မြို့ ၊ အ. ထ. က (၁) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ၊ ကျောင်းအုပ်ကြီး ဒေါ်ခင်ထွေးရီ ဦးဆောင်သည့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူ အင်အား (၁၂၀) ဦး တက်ရောက်ခဲ့ပြီး၊ အဆိုပါ အခမ်းအနား တွင် ပဲခူးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်(၂)မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ညောင်လေးပင်မြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူး ကျော်သက်ပိုင်ဦးက မိုးရာသီ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများတွင် တက်ကြွစာ ပူးပေါင်းပါဝင် စေရေး အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်နှင့် ကျောင်းသုံး ဗလာစာအုပ် (၂၀) ဒါဇင် ၊ ဖောင်တိန် (၂၀၀) ချောင်း လှူဒါန်းခဲ့ပြီး မြို့နယ်ပညာရေးမှူးက နိဂုံးချုပ် စာကားပြောကြားကာ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Friday, July 26, 2024 - 15:45