တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် အပြည်ပြည် ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် အပြည်ပြည် ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို (၂၆.၇.၂၀၂၄) ရက်နေ့၊ (၉:၀၀)နာရီမှ (၁၀:၃၀)နာရီအချိန်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး၊ သယံဇာတရေးရာ၀န်ကြီး၊ စီးပွားရေးရာ၀န်ကြီး၊ မြိတ်ခရိုင်
စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြိတ်တက္ကသိုလ် ဒုတိယ ပါ‌မောက္ခချုပ်နှင့် ဆရာ/ဆရာမ၊ကျောင်းသား/သူများ စုစုပေါင်း(၁၆၀)ဦးတက်ရောက်ခဲ့ ပါသည်။ အခမ်းအနားတွင် သယံဇာတဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး တနင်္သာရီ တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦး၀င်းနိုင်-၄ မှ မြန်မာနိုင့်ငံ ဒီရေတော ဂေဟစနစ်များထိန်းသိမ်းရေး အားလုံးပါဝင်ဆောင်ရွက်ပေး၊ ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ အဏ္ဏဝါသိပ္ပံဌာနမှ၊ ဌာနမှူး ပါမောက္ခ ဒေါက်တာချယ်ရီအောင်မှ တနင်္သာရီ တိုင်းဒေသကြီး အတွင်းတွေ့ရှိရသော ဒီရေတောသစ်မျိုးများအကြောင်း ဟောပြောဆွေးနွေးပြီးနောက် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးအထိမ်းအမှတ် video အား ပြသခဲ့ ပါသည်။ အခမ်းအနားကို တက်ရောက်လာကြသူများအား ဒီရေတောဂေဟစနစ် ထိန်းသိမ်း ရေးဆိုင်ရာ ပိုစတာများ၊ ဒီရေတောသစ်မျိုးအပင်ငယ်၊ အသီးအပွင့်နှင့် ဒီရေတောထွက် လူသုံးကုန်ပစ္စည်းများအား လှည့်လည်ပြသခဲ့ကြပါသည်။

date: 
Friday, July 26, 2024 - 16:00