တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်၊ မြို့နယ်အဆင့်ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်၊ မြို့နယ်အဆင့် ဒီရေတောသစ်ပင် စိုက်ပျိုး ပွဲတော်ကို ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စု၊ (၂၂)မိုင်ကျေးရွာ တွင် (၂၆.၇.၂၀၂၄) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ကော့သောင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ဦးအောင်ချို တက်ရောက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မလိဝမ်းကျေးရွာမှ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ရွာသူ/ရွာသားများ စုစုပေါင်း(၄၇)ဦး တက်ရောက်ပြီး ဗြူးခြေထောက်(၁၀၀၀)ပင်၊ အုန်းပင်(၁၅)ပင်၊ စုစုပေါင်း (၁၀၁၅)ပင်အား အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ခဲ့ပါသည်။

date: 
Friday, July 26, 2024 - 16:00