ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

အုတ်တွင်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် သစ်တော ဦးစီးဌာနမှ မိုးရာသီ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်း ဆိုင်ရာ အသိပညာပေး ဟောပြော ပွဲအား (၂၅-၇-၂၀၂၄) ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန် တွင် အ-လ-က၊ ကြက်သွန်း(၂)၏ အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ရာ၊ အ-လ-က၊ ကြက်သွန်း(၂)မှ ကျောင်းအုပ် ဆရာမကြီးဒေါ်စံပါယ်အေးဦးဆောင်သည့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ အင်အား (၁၂၀)ဦး တက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲ အခမ်းအနားတွင် အ-လ-က၊ ကြက်သွန်း(၂)မှ ကျောင်းအုပ်ဆရာမကြီး-ဒေါ်စံပါယ်အေးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အုတ်တွင်းမြို့ နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ-ဦးသိန်းသန်းထိုက်မှ ၊မိုးရာသီ သစ်ပင် စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်း ဆိုင်ရာကိစ္စရပ်များအား အသိပညာပေး ဟောပြောခြင်း၊ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဆိုင်ရာ Video Clip အား ပြသခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်၍ အ-လ-က၊ ကြက်သွန်ခင်း(၂)ကျောင်းဝင်းအတွင်း သစ်တောဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၁၂၀)ဦးနှင့်အတူ ကံ့ကော်(၁၅)ပင်၊ ခရေ(၂၀)ပင်၊ စိန်ပန်းကြီး(၅၀)ပင်၊ ပျဉ်းမ(၄၀)ပင်၊ စုစုပေါင်း(၁၂၅)ပင်အား သစ်ပင်စိုက်ပျိုး သရုပ်ပြသခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Friday, July 26, 2024 - 16:00