စစ်ကိုင်းတိုင်ဒေသကြီး၊ တမူးခရိုင်၊“ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း၊ပြုစုထိန်းသိမ်းခြင်းအသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်ဒေသကြီး၊ တမူးခရိုင်၊ သစ်တောဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍(၂၅-၇-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် တမူးမြို့၊ အ.ထ.က(၅)(ခွဲ) စုဝေးခန်းမ၌ ကျောင်းသား/သူများအား သစ်တောသစ်ပင် စိုက်ပျိုး၊ ပြုစုထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ အသိပညာတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် “ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင် စိုက်ပျိုးခြင်း၊ ပြစုထိန်းသိမ်းခြင်း အသိပညာပေး ဟောပြောပွဲ” ကျင်းပ ပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာနမှ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်း က သစ်ပင်စိုက်ပျိုးခြင်း နှင့် သစ်တော သစ်ပင်အကျိုးကျေးဇူးများ အသိပညာပေးဟောပြောခြင်းအားလည်းကောင်း၊ ဦးစီးအရာရှိ ဦးမိုးကျော်သူမှ သစ်တောသစ်ပင်ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများ အသိပညာပေး ဟောပြောခြင်းအားလည်းကောင်း ဟောပြောခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများ က သိရှိလို သည်များနှင့် ပတ်သက်၍ မေးခွန်းများမေးမြန်းမှုအပေါ် တာဝန်ရှိသူများ က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၁၂၀)ဦး၊ သစ်တောဝန်ထမ်းများ(၂၀)ဦး၊ စုစုပေါင်း(၁၄၀)ဦး တက်ရောက်ခဲ့ ကြပါသည်။ ဆက်လက်၍ အ.ထ.က(၅)(ခွဲ) ကျောင်းဝင်းအတွင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းဦး၊ ဦးစီးအရာရှိ ဦးမိုးကျော်သူ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ နှင့် သစ်တောဝန်ထမ်းများမှ အရိပ်ရပင်၊ ပန်းအလှပင်နှင့်ရတနာတန်းဝင်သစ်ပင်များ အား စိုက်ပျိုး ခြင်း နည်း စနစ်များကို လက်တွေ့ပြသ၍ တပျော်တပါး စုပေါင်း သစ်ပင်စိုက်ပျိုး ခဲ့ကြပါသည်။

date: 
Friday, July 26, 2024 - 16:15