ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၉-၇-၂၀၂၆)ရက်နေ့(၁၃:၃၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊မြန်အောင်မြို့နယ်မှ ရက်(၁၀၀) အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ ညောင်ခြေထောက်ကျေးရွာအုပ်စု၊ ညောင်ခြေထောက်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌“မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ပါ‌ဒေသခံပြည်သူ ကျား(၆၅) ဦး၊ မ(၆၃)ဦးနှင့် သစ်တောဝန်ထမ်း(၇)ဦး စုစုပေါင်း(၁၃၅)ဦး [ကျား - ၇၂ ဦး၊ မ - ၆၃ ဦး]တက်ရောက်ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် တောအုပ်ကြီး ဦးကောင်းခန့်ကျော်က *သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေးနည်းစနစ်များ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများနှင့် ဖြေရှင်းရမည့်နည်းလမ်းများ၊တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့် တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေး*တို့အား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဒေသခံများစိုက်ပျိုးရန် ပျိုးပင်များဖြန့်ဝေခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, July 10, 2026 - 12:30