ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေးသစ်တောဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ မိုးရာသီသစ်ပင်စိုက်ပျိုးရေး သစ်တောဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၆.၇.၂၀၂၆)ရက်နေ့ နံနက်ပိုင်း (၀၉း၃၀) နာရီအချိန်တွင် ဇီးကုန်းမြို့နယ်၊ (မြို့မ) အ.ထ.က ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးပါ ဆရာ/ဆရာမ(၄)ဦး ကျောင်းသား(၆၀)ဦး ကျောင်းသူ (၇၁)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်းထမ်း(၆) ဦး စုစုပေါင်း (၁၄၁)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် တောအုပ်ကြီး ဦးသိန်းဆိုင်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တွင် သစ်တောများ၏ အရေးပါမှုနှင့် သစ်တောထိန်းသိမ်းရေးနည်းလမ်းများ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးရလဒ်များ ဇိဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးတို့ကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။



