ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို (၂၆-၇-၂၀၂၄ ) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သတ္တုတွင်း ဦးစီးဌာန၊ မြန်မာ့ကျောက်မျက်လုပ်ငန်းတို့မှ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ကျေးရွာ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားများ၊ သစ်တောဦးစီးဌာန အရာထမ်း အမှုထမ်းများ အင်အား(၂၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူး ဦးလှဦးမှ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစံနစ် ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြွက်ကြားသည့် အဖွင့်မိန့်ခွန်းအား ဖတ်ကြားတင်ပြခြင်း ၊ ဒုတိယညွှန် ကြားရေးမှူး ဦးသိန်းနိုင်ကြွယ်မှ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ Keynote presentation အား ရှင်းလင်းတင်ပြခြင်းနှင့် ဒီရေတောထိန်းသိမ်းရေးဆိုင်ရာ Video ပြသခြင်းများ ဆောင်ရွက်ကြပါသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများမှ ဒီရေတောများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန် ဝိုင်းဝန်းဆွေးနွေးကြပြီး (၀၉:၁၅)အချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါကြောင်းသိရှိရပါသည် ။

date: 
Saturday, July 27, 2024 - 17:45