ဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ ဒီရေတာဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ ဒီရေတာဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို(၂၆-၇-၂၀၂၄)ရက်နေ့တွင် ပုသိမ်တက္ကသိုလ်
ဘွဲ့နှင်း သဘင်ခန်းမ၌ညနေ (၁၅:၀၀)နာရီမှ (၁၇:၃၀)နာရီအချိန်ထိကျင်းပခဲ့ပါသည်။ အခမ်းအနား ကို သယံဇာတရေးရာဝန်ကြီး ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဆရာ/ဆရာမများ တိုင်းအဆင့်ဌာနဆိုင်ရာများ ကျောင်းသား/သူများ စုစုပေါင်း (၄၅၀) ဦးတက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင်သယံဇာတဝန်ကြီး ဦးအုန်းမြင့်ကအဖွင့်အမှာစကားပြောကြားပြီး ဧရာဝတီတိုင်း ဒေသကြီးသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိန်က ဒီရေတောဂေဟစနစ်နှင့်ဒီရေတောများ ၏အရေးပါပုံအကြောင်းနှင့်သစ်တောဦးစီးဌာနမှဆောင်ရွက်နေသည့် ဒီရေတောဆိုင်ရာ အကြောင်း ဟောပြောခြင်း၊ ပုသိမ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနမှ အချိန်ပိုင်းပါမောက္ခ ဒေါက်တာဌေးအောင်မှ ဒီရေတောဂေဟစနစ်၏ အကျိုးကျေးဇူးနှင့်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ အကြောင်းဟောပြော ဆွေးနွေးပြီးနောက် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးအထိမ်းအမှတ် video အားပြသခဲ့ပါသည်။ အခမ်းအနားသို့တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးဆိုင်ရာ ပိုစတာများ ဒီရေတောသစ်မျိုး ပျိုးပင်များ၊ အသီးများနှင့် မိချောင်းခေါင်းအရိုးများနှင့် မိချောင်းဥတို့ကို ခင်းကျင်းပြသခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Saturday, July 27, 2024 - 18:00