ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ"အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့"အထိမ်းအမှတ်ပညာပေးဟောပြောပွဲနှင့် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲအားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ(၂၆-၇-၂၀၂၄)ရက်နေ့တွင်ကျ ရောက်သည့် "အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့"အထိမ်းအမှတ်ပညာပေးဟောပြောပွဲနှင့်ဒီရေတောသစ်ပင်စိုက်ပျိုးပွဲအား ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာတွင်(၂၆-၇-၂၀၂၄) ရက်နေ့(၀၉:၀၀)နာရီ၌စစ်တောင်းမြစ်ဝရှိကဝမြို့နယ်၊ အောင်ကံလှိုင်ကျေးရွာအုပ်ချူပ်ရေး မှူးရုံးတွင် "အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပညာပေးဟောပြောပွဲ"အားကျင်းပပြုလုပ်ခဲ့ရာ အောင်ကံလှိုင်ကျေးရွာ နှင့်အောင်မိတ္တာကျေးရွာ အုပ်ချူပ်ရေးမှူးများနှင့် ကျေးရွာသူကျေးရွာသားများ၊ အောင်ကံလှိုင်ကျေးရွာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူများ၊ ဒီရေတောများ စိုက်ပျိုးထိန်းသိမ်းလျက်ရှိသည့် Worldview International Foundation မှ ဝန်ထမ်း များ စုစုပေါင်း(၁၃၈)ဦး တက်ရောက်ပြီးဟော ပြောပွဲတွင်အောင်ကံလှိုင်ကျေးရွာ အုပ်ချူပ်ရေးမှူး ဦးမျိုးဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး ပဲခူးမြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်ထွန်းမှ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးဆိုင်ရာနှင့် သဘာဝဘေး အန္တရာယ်လျော့ချရေးနှင့်ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များအား အသိပညာပေးဟောပြောပြီး ၂၀၂၄ခုနှစ်အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အ ထိမ်းအမှတ်ပညာပေး Video Clip အားပြသပါသည်။ ဆက်လက်၍ကဝမြို့နယ်၊အောင်နိမိတ်ဒီရေတော အဆိုပြုကြိုးပြင်ကာကွယ်တောအတွင်း အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိမ်းသိမ်းရေးနေ့အထိမ်း အမှတ်ဒီရေတောသစ်ပင်စိုက်ပွဲအား (၁၀:၃၀)နာရီ တွင်ကျင်းပရာ တပ်မတော်သားများ၊ ကျေးရွာသူကျေးရွာသားများ၊ Worldview International Foundation မှ ဝန်ထမ်းများနှင့် ပဲခူးမြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်း များ စုစုပေါင်း(၇၅)ဦးတို့မှ သမဲ့(၂၀၀၀)ပင်၊ ဗြူးခြေထောက်အဖို(၁၃၀၀)ပင်၊ ဗြူးခြေ ထောက်အမ(၁၃၀၀)ပင် စုစုပေါင်း(၄၆၀၀)ပင်အား စုပေါင်း၍စိုက်ပျိုးခဲ့ပါကြောင်း သိရှိရ ပါသည်။

date: 
Saturday, July 27, 2024 - 18:00