မွန်ပြည်နယ် သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဒီရေတောသစ်ပင်စိုက်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ် သစ်တောဦးစီးဌာနအစီအစဉ်ဖြင့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဒီရေတောသစ်ပင်စိုက်ပွဲ အခမ်းအနား အား (၂၇-၇-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သထုံခရိုင် ပေါင်မြို့နယ်၊ အလှပ် ကျေးရွာအုပ်စု ဆယ်အိမ်စုကမ်းခြေ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများစုစုပေါင်း(၄၀၀)ဦး တက်ရောက်ကြပြီး သမဲ့ (၁၅၀၀)ပင်၊ ဗြူးခြေထောက် (၃၀၀)ပင်၊ စုစုပေါင်း(၁၈၀၀)ပင်အား အောင်မြင်စွာစိုက်ပျိုးခဲ့ကြပါကြောင်း သိရှိရပါသည်။

date: 
Saturday, July 27, 2024 - 18:00