ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကို( ၇.၇.၂၀၂၆ )ရက်နေ့ ၊( ၀၉:၃၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ်၊ ကြခတ်ဝါးရုံ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးပါ ဆရာမ(၃)ဦး၊ ၊ ကျောင်းသား(၂၇)ဦး၊ ကျောင်းသူ(၃၁)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း( ၃ )ဦး၊ စုစုပေါင်း (၆၄)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် တောအုပ်ကြီး ဦးမျိုးသက်ခိုင်မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တောဦးစီးဌာနမှ မိုးရာသီတွင် ပျိုးပင်များအခမဲံဖြန့်ဝေပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းဆောင်ရွက်ခြင်းနှင့် သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအားဆွေးနွေးဟောပြောခဲ့ပြီး၊ တောအုပ် ဦးနိုင်လင်းအောင်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများထံသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

