ပဲခူးတိုင်းဒေသကြီး၊ ​ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မှ"မီးခိုးမြူလေထုညစ်ညမ်းမှု ဖြစ်စေသည့် တောမီးရှို့ခြင်းနှင့်တောင်ယာမီးရှို့ခြင်းများမပြုလုပ်စေရေးအသိပညာပေးပွဲဟောပြောပွဲ"ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ"မီးခိုးမြူလေထုညစ်ညမ်းမှု ဖြစ်စေသည့် တောမီးရှို့ခြင်းနှင့် တောင်ယာမီးရှို့ခြင်းများ မပြုလုပ်စေရေးအသိပညာပေးပွဲဟောပြောပွဲ"အခမ်းအနားကို( ၇.၇.၂၀၂၆ ) ရက်နေ့၊နံနက်( ၁၀:၀၀)နာရီအချိန်တွင် ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းအုပ်စု၊ စမ်းကျေးရွာ၊ မူလတန်းလွန်ကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာကျောင်းသား(၃၁)ဦး၊ ကျောင်းသူ(၄၂)ဦး၊ ကျောင်းသား​/သူ(၇၃)ဦး၊ ဆရာ၊ ဆရာမ(၅)ဦး၊ ရပ်မိရပ်ဖ(၅)ဦးသစ်တောဦးစီးဌာနမှ ဝန်ထမ်း (၆)ဦးစုစုပေါင်း(၈၃)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ဦးစီးအရာရှိ ဦးအောင်စက်ပိုင်မှ "မီးခိုးမြူလေထုညစ်ညမ်းမှု ဖြစ်စေသည့် တောမီးရှို့ခြင်းနှင့် တောင်ယာမီးရှို့ခြင်းများမပြုလုပ်စေရေး၊ သစ်တောဦးစီးဌာနမှပျိုးပင်များအခမဲ့ဖြန့်ဝေပေးနေမှုအခြေအနေ၊သစ်တောဦးစီးဌာနမှဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများ၊သစ်တောပြုစုထိန်း သိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းတို့ကို တက်ရောက်လာသူများထံသို့ ကအသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းနှင့် ကျောင်းသုံးဗလာစာအုပ်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, July 10, 2026 - 15:15