ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ(ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း)ကျင်းပ

(၂၇-၇-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် သန်လျင်မြို့နယ်၊ သစ်တောဦးစီး ဌာနနှင့်၊ First National Insurance (General) Co, Ltd (FNI)၏ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ကိုကိုတင်ဝင်းပါ ကုမ္မဏီဝန်ထမ်း(၁၀၀)ဦး ပါဝင်သောအဖွဲ့ဖြင့် သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ဘန်ဘွေးကုန်း ရေလှောင်တမံကြိုးဝိုင်း ၁၉၉၆ ရေဝေရေလဲစိုက်ခင်းအတွင်း ကွက်လပ်ဖြစ် နေသောနေရာ၌ ခြုံနွယ်များရှင်းလင်း၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ(ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း)ကျင်းပခဲ့ရာ ပျဉ်းကတိုး(၁၅)ပင်၊ မဟော်ဂနီ (၁၅)ပင်၊ ခရေ(၅)ပင်၊ ပျဉ်းမ(၅)ပင်၊ မန်ဂျန်ရှား(၂၆၀)ပင် စုစုပေါင်း(၃၀၀)ပင် စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Saturday, July 27, 2024 - 18:00