ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ ဂေဟစနစ်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်စေရေးအတွက်ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပခြင်းကို (၂၇-၆-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းက ပေါက်တောကျေးရွာအုပ်စု၊ ရေသိုးဆည်အနီး ပန်းတင်တောင် တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အုတ်တွင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်ဇော်မြငဦး၊ အမှတ်(၈၀၈)အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးကြီးမင်းသူလှိုင်၊ အမှတ်(၃၀၃၁) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးသူရိန်သန်းမြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမာလာ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းအဖွဲ့ဝင် ဒေါ်စန္ဒာဌေးတို့က ပျိုးပင်များပေးအပ်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာ အသီးသီးကပျိုးပင်များလက်ခံရယူကြသည်။ ဆက်လက်၍ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ မယ်ဇလီ၊ ယမနေ၊ စိန်ပန်းကြီး၊ ကုက္ကိုလ်၊ မန်ဂျန်ရှား၊ မကျီးပင် စုစုပေါင်းပျိုးပင်( ၅၀၀)ပင်ကို အုတ်တွင်း တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်မြင့်ဦးနှင့် တပ်ရင်း/တပ်ဖွဲ့မှူးများ၊ စစ်သည်/ရဲမေများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်း နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ နှင့်ကျောင်းသား/ကျောင်းသူများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီးအင်အား(၂၅၀)ဦး တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

date: 
Saturday, July 27, 2024 - 18:00